နို့စိမ်း ၂၄၇ တန် ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ မေ ၂၂ရက်မှ ၂၈ ရက်တာကာလ အတွင်း နို့စိမ်းတန်ချိန် ၂၄၇ တန်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန် သွယ်ဖက်နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပြီး ဒွန်းနို့စိမ်း တစ်မျိုးတည်းကိုသာ မှာယူ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် က နို့စိမ်း တင်သွင်းခြင်းမရှိဘဲ ဒီတစ်ပတ်မှာသာ မှာယူတင်သွင်းခဲ့တာ ဖြစ် ပါတယ်။ ယခင်တစ်ပတ်က နို့ဆီတန်ချိန် လေးရာကျော် တင်သွင်းခဲ့ပြီး ဒီသီတင်း ပတ်မှာတော့ နို့ဆီတင်သွင်းခြင်း မရှိခဲ့ ပါဘူး။ ယခင်သီတင်းပတ်က ၁၃၅ တန် ကျော် တင်သွင်းခဲ့တဲ့နို့မှုန့်က ဒီတစ်ပတ် မှာ ၈ တန်ကျော်သာတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံတွေ ကတော့ သြစတြေးလျ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်အဝင်သာခဲ့တဲ့ နို့မှုန့် က ဒီသီတင်းပတ်မှာ အဝင်လျော့ခဲ့ပါ တယ်။MIRT (DOT) ယခုအပတ်နယ်စပ် နို့စိမ်းတင်သွင်းမှုပို မေ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်း ကော့သောင်းနယ်စပ်မှ နို့ဆီနဲ့ နို့စိမ်းအသွင်းရှိသလို မူဆယ်နယ်စပ်မှ နို့မှုန့်တင်သွင်းမှု ရှိခဲ့ပါတယ်။ ကန် ဒေါ်လာ ဝ ဒသမ ၃၄၃သန်း တန်ဖိုး ရှိ နို့စိမ်း ၃၈၃ တန် ၂ဝ၂ဝဝ သေတ္တာနဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၄၅သန်းတန်ဖိုး ရှိ နို့ဆီ ၅၃ တန် ၂၈ဝဝသေတ္တာ တင် သွင်းမှုရှိခဲ့ရာ ယခင်အပတ်ကထက် နို့စိမ်း ၁၄၆ တန် တင်သွင်းမှု ပိုမိုခဲ့ပေမဲ့ နို့ဆီတင်သွင်းမှုမှာတော့ ယခင်အပတ် ကထက် ၃၂ တန်ကျော် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ မူဆယ်က ကန်ဒေါ်လာ ဝ ဒသမ ဝ၉၁ သန်း တန်ဖိုးရှိ နို့မှုန့် ၃၂တန် တင် သွင်းခဲ့ပြီး ယခင်အပတ်က တင်သွင်းမှု ထက် ၁ တန်ကျော် လျော့နည်းခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈ဝဝ ၈၁၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၅ဝ ၆၆၅Happy Cow (အနီ) ၆ဝဝ ၆၁၅Happy Cow (အပြာ) ၆၈ဝ ၆၉၅အိုကေနို့ဆီ ၇၂ဝ ၇၃၅MIRT (DOT)
Background
