Main menu

Background

ဆီထွက်သီးနံှရောင်းချမှု မြင့်တက်မယ့် အလားအလာရှိခြင်းကြောင့် စားအုန်းဆီဈေးကျဆင်း

Mon, 06/06/2011 - 07:33 -- Anonymous (not verified)

ဆီထွက်သီးနံှရောင်းချမှု မြင့်တက်မယ့် အလားအလာရှိခြင်းကြောင့် စားအုန်းဆီဈေးကျဆင်း                ကမ္ဘာ့စားဆီ အထွက်မြင့်တက်မယ့် အလားအလာရှိခြင်း၊ စားအုန်းဆီ ဒုတိယ အများဆုံး ထုတ်လုပ်တဲ့ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီထုတ်လုပ်မှုက မေလအတွင်း ၂ဝ ရာခိုင်နှုန်းအထိ တိုးတက်ခြင်းတွေကြောင့် ယခုတစ်ပတ်အတွင်း စားအုန်းဆီဈေး အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ သြဂုတ်လ ပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၁၁၇ ဖြစ်ခဲ့လို့ မေလ ၂၃ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ ဘရာဇီးနိုင်ငံက သီးနံှအထွက်မြင့်တက်ခြင်းက ကမ္ဘာ့ထုတ်လုပ်မှုကို တိုးတက် စေတာကြောင့် စက်တင်ဘာလအထိ ယခုနှစ်အတွင်း ကမ္ဘာ့ဆီထွက်သီးနံှ ထုတ်လုပ်မှုဟာ ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်မယ်လို့ ဇွန်လ ၁ ရက်နေ့ Oil World အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဧပြီလအတွင်း မလေးရှားစားအုန်းဆီ ထုတ်လုပ်မှု ဟာ မတ်လထက် ၈ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၅၃ သန်း ရှိမယ်လို့ မေလ ၁ဝ ရက်နေ့က နိုင်ငံရဲ့ စားအုန်းဆီအဖွဲ့က ဆိုပါတယ်။ မေလစာရင်းကိုတော့ ဇွန်လ ၁ဝ ရက်နေ့မှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။ ဆီထွက်သီးနံှ ၇ မျိုးရဲ့ စုစုပေါင်း ထုတ်လုပ်မှုဟာ ယခင်နှစ်ထက် တန်ချိန် ၇ ဒသမ ၇ သန်းပိုမိုပြီး စုစုပေါင်းတန်ချိန် ၄၄၁ ဒသမ ၂ သန်းထွက်မယ်လို့ Oil World က ဆိုပါတယ်။ ဘရာဇီးရဲ့ ပဲပုပ်ထွက်ရှိမှုဟာ ယခုနှစ် အစောပိုင်း ခန့်မှန်းတာထက် ၆ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး စုစုပေါင်း တန်ချိန် ၇၃ သန်းရှိမယ်လို့ လည်း ဆိုပါတယ်။                 ဝယ်လိုအားမြင့်တက်ခြင်းနဲ့ ပဲပုပ်ဈေးနှုန်းမြင့်နေခြင်းတို့ကြောင့် စားအုန်းဆီ ကြိုပွိုင့် ဈေးကျဆင်းမှု ကန့်သတ်နိုင်တယ်လို့ Commodity Links Pte  မှ ဒါရိုက် တာVijay Mehta က ဆိုပါတယ်။ ဈေးနှုန်း ၂ ခုကွာခြားမှု မြင့်မားနေတာကြောင့် စားသုံးသူများဟာ ပဲပုပ်ဆီထက် စားအုန်းဆီကို ပိုဝယ်ယူကြမယ်လို့လည်း ဆိုပါတယ်။ဇူလိုင်လပို့ရမယ့် ပဲပုပ်ဆီဈေးဟာ ဝ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ၅၈ ဒသမ ၈၄ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၉၇) ရှိပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ ဇန်နဝါရီလပို့ရမယ့် စားအုန်းဆီဈေးဟာ ဝ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၄၃ဝ ရှိချိန်မှာ ကာလ တူပို့ရမယ့် ပဲပုပ်ဆီဈေးက ဝ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ကန် ဒေါ်လာ ၁၅၉၁ နဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန Source: bloomberg .net