ဧပြီလမိုးကြောင့် အညာနှမ်းများ အောင်မြင် တောင်သာမြို့နယ် တွင်နှမ်းဧက ၃ဝဝဝဝ ကျော်စိုက်ပျိုးခဲ့ရာဧပြီလမိုးကြောင့် ရာသီဥတုကောင်းမွန်ပြီး နှမ်းများ အောင်မြင်ဖြစ်ထွန်းတယ်လို့သိရပါတယ်။ တရုတ်ဈေးကွက်မှန်မှန်ဝယ်ခြင်း၊ ဆီစက်များဆီကြိတ်ခွဲနေခြင်း၊ နှမ်းအကြိုက်မိုးရ နေခြင်း တို့ကြောင့်စိုက်ပိုျးမှုအားကောင်းခဲ့ပါတယ်။ ယခုနှစ်မိုးနှမ်းအစိုက်စောလို့ နှမ်းထွက်လည်း တစ်လခန့်စောနိုင်တယ်လို့ နှမ်းစိုက်တောင်သူတို့ကဆိုပါတယ်။ ကျောက်ဆည်မြို့နယ် မှာလည်းမိုးရွာသွန်းမှုအခြေ အနေကနှမ်းစိုက်ပျိုးမှုအထွက် ကောင်းတာကြောင့်နှမ်းစိုက်တောင်သူများ အထွက်နှုန်း ၁ဝ တင်းအထက်ရှိမယ်လို့ မှန်းကြပါတယ်။ ယခင်နှစ်ကအထွက်နှုန်း ၇ တင်း၊ ၈ တင်းခန့်သာရှိခဲ့ပေမယ့် ယခုနှစ်ရာသီဥတုကောင်းလို့ အောင်မြင် နေတဲ့နှမ်းခင်းတွေက တင်း ၂ဝ ခန့်ထွက်မယ် လို့လည်း ခန့်မှန်းကြပါတယ်။ ယနေ့တစ်တင်းပေါက်ဈေး ၂၄ဝဝဝ ကျပ်ရှိတာကြောင့်တစ်ဧကကုန်ကျစရိတ် ၁၂ဝဝဝဝ ကျပ်ကို နုတ်ရင် အသားတင်အမြတ်ဝင်ငွေတိုးမှာဖြစ်လို့ မိုးစပါး မစိုက်မီစိုက်ပျိုးသင့်တဲ့ သီးနံှတစ်မျိုးလို့ဆိုပါတယ်။တံတားဦးမြို့နယ်မှာ လည်း ဆည်ရေရရှိမှု၊ မိုးရေရရှိမှုတို့ကြောင့် စိုက်ဧကပြည့်မီကျော်လွန်အောင်စိုက်နိုင်တယ်လို့သိရပါတယ်။ ယခင်နှစ်က မိုးလေဝသမကောင်းလို့ အထွက်နှုန်း ၃ တင်းသာရှိခဲ့ပြီး ယခုနှစ်မှာတော့ရာသီဥတုကောင်းတာကြောင့် အထွက်နှုန်း ၉ တင်းက ၁၃ တင်းကျော်အထိ ရှိနိုင်မယ်လို့ နွေနှမ်းစိုက်တောင်သူတို့ကဆိုပါတယ်။ မိုးထူူးသက်
Background