Main menu

Background

ဆီစက်သမားအဝယ်လိုက်လို့ ကျောက်ပန်းတောင်းမြေပဲအစိုက်တိုး

Mon, 06/06/2011 - 07:40 -- Anonymous (not verified)

ဆီစက်သမားအဝယ်လိုက်လို့ ကျောက်ပန်းတောင်းမြေပဲအစိုက်တိုး              ကျောက်ပန်းတောင်းမြို့နယ်မှာ ဧပြီလအတွင်း ရွာသွန်းတဲ့ မိုးနဲ့ မိုးမြေပဲများ ဧက ၅၆ဝဝ ကျော် စိုက်ပျိုးပြီးခဲ့ပါတယ်။ ယခုနှစ် ရာသီဥတုကောင်းမွန်တာကြောင့် မိုးမြေပဲ ၆ လပဲ များဖြစ်ထွန်းအောင်မြင်နေပြီး မြေပဲဈေးကွက်မှာလည်း မြေပဲ တစ်တင်းကို ၃ဝဝဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ မြေပဲကို သီးသန့်စိုက်ပျိုးကြသလို၊ ပဲစင်းငုံနဲ့လည်း သီးညှပ်စိုက်ပျိုး ကြတာကြောင့် မြေပဲအထွက်များနိုင်ကြောင်း သိရပါတယ်။ ဆီဈေးနှုန်းကောင်းမွန်မှု ၊ ဆီစက်သမားများအဝယ်လိုက်မှုကြောင့် မြေပဲစိုက်ပျိုးမှု ကောင်းတယ်လို့ သိရပါတယ်။                              ထားအိဝင်း