Main menu

Background

အထွက်ကျဆင်းလို့ တရုတ်နိုင်ငံက ပဲပုပ်တင်သွင်းမှု မြင့်တက်နိုင်တယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနကဆို

Mon, 06/06/2011 - 07:42 -- Anonymous (not verified)

အထွက်ကျဆင်းလို့ တရုတ်နိုင်ငံက ပဲပုပ်တင်သွင်းမှု မြင့်တက်နိုင်တယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနကဆို              အောက်တိုဘာ ၁ ရက်မှ စတင်တဲ့ ယခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှုဟာ တန်ချိန် ၅၈ သန်းအထိ ရှိနိုင်တယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနက ဆိုပါတယ်။ ယခုနှစ်အတွင်း အထွက်ကျဆင်းတာကြောင့် အစောပိုင်းက တန်ချိန် ၅၄ ဒသမ ၅ သန်းတင်သွင်းမယ်လို့ ခန့်မှန်းရာမှ ပိုမိုတင်သွင်းရမယ့် အခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ယခင်နှစ်က ဆီထွက်သီးနံှ တန်ချိန် ၁၅ ဒသမ ၂သန်း ထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၁၄ ဒသမ ၇၅ သန်းကို ကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းပြောကြားထားပါတယ်။          ယမင်းခင်၊Source: bloomberg .net