Main menu

Background

တွက်ခြေကိုက်မှုနည်း၍ ရော်ဘာတင်ပို့မှုနည်း

Mon, 06/06/2011 - 08:10 -- Anonymous (not verified)

တွက်ခြေကိုက်မှုနည်း၍ ရော်ဘာတင်ပို့မှုနည်း                တစ်ဘက်နိုင်ငံ ယွမ်ဈေးအတက်အကျ ပေါ်မူတည်တွက်ခြေကိုက်မှုနည်း၍ ယခုအပတ်တရုတ်နယ်စပ်မှ ရော်ဘာ အပို့ လျော့ကျလျက်ရှိပါတယ်။ မူဆယ်နယ်စပ်မှ မှ ယခင်အပတ်ကထက် ရော်ဘာတင်ပို့မှု ၁၇၁ တန် ကျော် အပို့လျော့ခဲ့ပြီး ချင်းရွှေဟော် နယ်စပ်မှ တန် ၇ဝ ကျော် အပို့လျော့ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ရော်ဘာအဆင့်လိုက် တင်ပို့မှုတွေကတော့ RSS-3  ၄၁၃ တန်၊RSS-5 ၃၇ တန်ကျော်၊ MSR-20 တန် ၂၁ဝ နဲ့ ချင်းရွှေဟော်နယ်စပ်မှRSS-3 ၅၈ တန်ကျော် အသီးသီးတင်ပို့ခဲ့ပါတယ်။ စုစုပေါင်း ယခုအပတ် နယ်စပ်မှ ရော်ဘာဆင့်စုံ ၇၁၈ တန် တင်ပို့မှုရှိခဲ့ပါတယ်။                 ယခင်အပတ်ကထက် ၂၄၁ တန်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ RSS-3 တစ်တန်ကို ယွမ် ၂၈ဝဝဝ၊ RSS-5  တစ်တန် ကို ယွမ် ၂၇၅ဝဝ ရှိနေရာမှ ယခုအပတ် မှာRSS-3 တစ်တန်ယွမ် ၂၉ဝဝဝ၊RSS-5  တစ်တန် ယွမ် ၂၈၅ဝဝ ထိ ဈေးမြင့်တက်ပြီး တရုတ်ဘက် အဝယ်ရှိနေပေမဲ့ ယွမ်ဈေးအတက်အကျကြောင့် တင်ပို့မှု လျော့ခဲ့ရတယ်လို့ သိရပါတယ်။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-                                           မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု               ယခင်       ပြောင်းလဲမှု     %     ယခု       ယခင်    ပြောင်းလဲမှု    %RSS-3     ၃၁၉၉ဝဝဝ     ၃ဝ၇၄ဝဝဝ     ၁၂၅ဝဝဝ     ၄     ၄၄၇၄     ၄၄၆၆           ၈         ဝ .၂RSS-5     ၃ဝ၈၇ဝဝဝ    ၂၉၆၂ဝဝဝ      ၁၂၅ဝဝဝ     ၄     ၄၃၉၆     ၄၃၈၉           ၇         ဝ .၂MIRT (DOBT)