Main menu

Background

ရော်ဘာရောင်းလိုအား ပြတ်လပ်သော်လည်း ဈေးမတက်နိုင်

Mon, 06/06/2011 - 08:17 -- Anonymous (not verified)

ရော်ဘာရောင်းလိုအား ပြတ်လပ်သော်လည်း ဈေးမတက်နိုင်                    အိန္ဒိယနိုင်ငံရဲ့ အဓိကရော်ဘာ စိုက်ပျိုးတဲ့ဒေသများမှာ မမျှော်လင့်တဲ့ မိုးရွာသွန်းမှုကြောင့် ရော်ဘာ ဈေးကွက်တွေ ပြန်လည်ခိုင်မာနိုင်မယ်လို့ မျှော်လင့်ရကြောင်း သိရပါတယ်။ မလေးရှား ဈေးကွက်မှာလည်း ရောင်းလိုအား ပြတ်လပ်ဖွယ် ရှိကြောင်း ခန့်မှန်းရပါတယ်။ ဈေးနှုန်းတွေတက်ပေမယ့် တရုတ်ရဲ့ ဝယ်လိုအားကတော့ မြင့်တက်ဖွယ်မရှိကြောင်း သိရပါတယ်။ ရောင်းလိုအား ပြတ်လပ်ပေမယ့် ဝယ်လိုအားလည်း ကျဆင်းဖွယ်ရှိကြောင်း ကုန်သည်များက ပြောကြားပါတယ်။ တာယာ ထုတ်လုပ်ရေး တွေကဲ့သို့ သုံးစွဲသူတွေကတော့ ရေရှည်မှာ ပြတ်လပ်မှုပြဿနာနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ ထိပ်တန်းတာယာထုတ်လုပ် ရေးဖြစ်တဲ့ အပိုလိုတာယာကတော့ ရော်ဘာဈေးနှုန်းကို ရင်ဆိုင်ရန် ရော်ဘာစိုက်ခင်းတွေ ဝယ်ယူဖို့ အကြံထုတ်နေတယ်လို့ သတင်းရရှိပါတယ်။ Source: commodity online KZW