Main menu

Background

သကြားဖြူဝယ်လိုအားတက်ခြင်းက သကြားကြမ်းဈေးကို မြှင့်တင်

Mon, 06/06/2011 - 08:19 -- Anonymous (not verified)

သကြားဖြူဝယ်လိုအားတက်ခြင်းက သကြားကြမ်းဈေးကို မြှင့်တင်                    အစ္စလာမ်နိုင်ငံများမှာ သကြားဖြူ (သန့်စင်ပြီးသကြား)ကို ဝယ်လိုအား မြင့်တက်ခြင်းကြောင့် သကြားသန့်စင် သူများမှ သကြားကြမ်းကို အဝယ်ပိုမိုစေ ပြီး သကြားကြမ်းဈေးကို မြှင့်တင်ရာ ရောက်တယ်လို့ Castlestone Management  ကုမ္ပဏီမှ ပြောကြားပါတယ်။ အစ္စလာမ်နိုင်ငံများဟာ သြဂုတ် လဝန်းကျင်မှာ စတင်တဲ့ မူဆလင် ဥပုသ်လနီးကပ်ပြီဆိုရင် ပုံမှန်အားဖြင့် သကြားဝယ်ယူစုဆောင်းမှုမြင့်တက် လာပါတယ်။                       ဘရာဇီးနိုင်ငံက ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၁၅ ရက်အတွင်း အစ္စလာမ် နိုင်ငံတွေကို သကြားကြမ်းတန်ချိန် ၇၃၅၅၇ဝ ထိ တင်ပို့ဖို့စီစဉ်ထားကြောင်း ပြည်ပတင်ပို့တဲ့ အေဂျင်စီ Willian Servicos Maritimos Ltda  ရဲ့စာရင်း များအရ သိရပါ တယ်။ သကြားဖြူပိုမို ဝယ်လိုအားကောင်းလာခြင်းနဲ့အတူ သကြားကြမ်းများကိုလည်း ပိုမိုဖြည့် ဆည်းရဖွယ်ရှိတယ်လို့ Castlestone Management မှ လေ့လာဆန်းစစ်သူ Connor Noonan က ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံးသကြားသန့်စင်စက် ဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ တည်ရှိတယ်လို့ ဆိုပါတယ်။                       နယူးယောက်မှာ ဇူလိုင်လပို့ရမယ့် သကြားကြမ်းဈေးက ၃ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၃ ဒသမ ၃၅ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၅၁၅) ရှိတယ်လို့ သိရပါတယ်။ လန်ဒန်မှာ သြဂုတ်လပို့ရ မယ့် သကြားဖြူ ဈေးများဟာ ၃ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၆၈၇ ဒသမ ၁ဝ ဈေး ရှိတယ်လို့ သိရပါတယ်။                       ဘရာဇီးနိုင်ငံဟာ အီရန်ကို သကြားကြမ်းတန်ချိန် ၂၃၉၈၃ဝ တန် ခန့်၊ အယ်ဂျီးရီးယားနိုင်ငံကို တန်ချိန် ၁၃၇၂၅ဝ တင်ပို့ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ အီဂျစ်၊ ဆီးရီးယား၊ မော်ရိုကို၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ယူအေအီးနိုင်ငံများက လည်း ဘရာဇီးနိုင်ငံက သကြားကြမ်း ဝယ်ယူသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ယမင်းခင်   ၊Source: bloomberg.net