Main menu

Background

ငါးရှဉ့်ပြည်ပတင်ပို့မှု ယခင်ကာလတူထက်ပို

Mon, 06/06/2011 - 08:33 -- Anonymous (not verified)

ငါးရှဉ့်ပြည်ပတင်ပို့မှု ယခင်ကာလတူထက်ပို                 ရေထွက်ကုန်ပစ္စည်းများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ငါးရှဉ့်ဟာ မေလအတွင်း ယခင်လထက် တင်ပို့မှု ပိုမိုလာတာ တွေ့ရပါတယ်။ ဧပြီလ သြင်္ကန်ကာလအတွင်း မူဆယ်သို့ ငါးရှဉ့်အဝင်နည်းခဲ့တာကြောင့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ရွှေဘို၊ တောင်ငူ၊ မန္တလေးနှင့် ရန်ကုန်ဘက်တို့မှ အဝင်များပြီး ၈ တန်/၁ဝ တန် ဝင်ကား များဖြင့် နေ့စဉ် ၆၂ ပိဿာဝင် သေတ္တာ ၂ဝဝ ကျော်တင်ပို့လျက်ရှိပါတယ်။ နေ့စဉ်ငါးရှဉ့် ဈေးနှုန်းများ အနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနရဲ့ လေလံအောင် သတ်မှတ်ဈေးနှုန်းများအရ တင်ပို့ရောင်းချလျက်ရှိပြီး မေလမှာ ငါးရှဉ့် တစ်တန်လျှင် ၃၂ဝဝ ဒေါ်လာမှ ဒေါ်လာ ၅ဝဝဝ ကျော်အထိ ဈေးရရှိပြီး မေလ ၂၄ ရက်နေ့ ငါးရှဉ့် တစ်တန် လေလံအောင်ဈေးမှာ ၃၉၆ဝ ဒေါ်လာထိ ဈေးရရှိ ခဲ့ပါတယ်။ မေလ ၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ငါးရှဉ့်တင်ပို့မှု တန်ချိန် ၃၅ဝ ဒသမ ၅၂ တန်၊ တန်ဖိုးငွေ ၁၃၇ဝ၃၈၄ ဒသမ ၁၉ ဒေါ်လာရရှိခဲ့ပြီး ဧပြီလကာလတူနဲ့ နှိုင်းယှဉ်လျှင် တန်ချိန်အားဖြင့် ၁၄၆ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ဝ ဒသမ ၅၃၅ သန်းဖိုး တင်ပို့မှု ပိုမိုခဲ့ပါတယ်။ လှလှအောင်