Main menu

Background

ရောဂါကျရောက်သဖြင့် ဗီယက်နမ်ပုစွန်မွေးမြူသူများ မကြုံစဖူး အရှုံးကြီးရှုံး

Mon, 06/06/2011 - 08:40 -- Anonymous (not verified)

ရောဂါကျရောက်သဖြင့် ဗီယက်နမ်ပုစွန်မွေးမြူသူများ မကြုံစဖူး အရှုံးကြီးရှုံး                    မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ပုစွန်မွေးမြူတဲ့ ပြည်နယ်တွေမှာ ပုစွန်ကျား (Tiger Shrimp) ဟက်တာ ၄ဝဝဝဝ မွေးမြူထားမှုအပေါ်မှာ ရောဂါကျရောက်လို့ မကြုံစဖူးဆုံးရှုံးမှု တွေကို ကြုံတွေ့နေရကြောင်းနဲ့ အဓိက ဆုံးရှုံးမှုအကြောင်း ရင်းမှာ ကပ်ပါးရောဂါကူးစက်ခြင်း (Microsporidiosis) ကြောင့်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံBac Lieu ပြည်နယ် မွေးမြူရေးဌာနမှူးPham Hoang Giang မှပြောကြားလိုက်ပါတယ်။                    ယခုလောလောဆယ်မှာ ရောဂါကာကွယ်ဖို့အတွက် တိကျတဲ့ ကုသမှုမတွေ့ရှိသေးဘဲ မွေးမြူသူများမှ မမွေးခင် ရောဂါရှိ/မရှိ စစ်ဆေးခြင်းကသာ တစ်ခုတည်းသော ကာကွယ်မှု နည်းလမ်းဖြစ်ပါတယ်။                      Bac Lieu  ပြည်နယ်မှ ပုစွန်မွေးမြူရေး ဟက်တာ ၁၁ဝဝဝ က ပျက်စီးဆုံးရှုံးသွားပြီဖြစ်ရာTra Vinh  ပြည်နယ်မှာ ဟက်တာ ၆၂ဝဝ ပျက်စီးသွားကာ ပုဇွန်ကောင်ရေ ၃၃ဝ သန်းသေဆုံးသွားကြောင်းနဲ့ ဗီယက်နမ် ဒေါင်ငွေ ၁၂ ဘီလီယံဆုံးရှုံးမှုရှိကြောင်း သတင်းရရှိပါတယ်။                         Soc Trang ပြည်နယ်မှာ ဟက်တာ ၂၅ဝဝဝ ရှိတဲ့ အနက် ၂ဝဝဝဝ မှာ ပျက်စီးသွားပြီဖြစ်ရာ ဆုံးရှုံးမှု ဗီယက်နမ် ဒေါင် ၁ ဒသမ ၅ ထရီလီယံ (ကန်ဒေါ်လာ ၇၅ သန်း) ဖိုး ဆုံးရှုံးသွားပြီဖြစ်ပါတယ်။ Soc Trang ပြည်နယ်သား Nguyen Van Sang က ပုစွန်ကျားမွေးမြူရေး ၃ ဟက်တာ မှာ ဗီယက်နမ်ဒေါင် ၅ဝ သန်း (ကန်ဒေါ်လာ ၂၅ဝဝ) ဖိုး ရင်းနှီးမြှုပ်နံှထားရာ နှစ်ပတ်အတွင်း ပုစွန်တွေ သေဆုံးသွား ပြီဖြစ်ပါတယ်။ အခြားပြည်နယ်ရှိ ပုစွန်တွေမှာလည်း ထူးဆန်းတဲ့အခြေအနေနဲ့ သေဆုံးသွားကြပါတယ်။ ပုစွန်တွေက ကန်နံရံကို အတင်းတိုးပြီး မိမိဘာသာ သေ ကြေအောင် ပြုလုပ်သွားကြောင်းနဲ့ ပုစွန်အများစုမှာ ရက် ၂ဝ နဲ့ ၃ဝ ကြားအသက်အရွယ်မှာ သေဆုံးသွားရာ မွေးမြူရေး သမားတွေ ငွေကြေးရင်းနှီးမြှုပ်နံှထားမှု ဆုံးရှုံးမှုအပေါ် စိတ် ဓါတ်ကျနေကြတယ်။                      Bac Lieu  ပြည်နယ်မှ ပုစွန်မွေးမြူရေးအတွေ့အကြုံ ရှိသူTran Thanh Tuan မှ ပုစွန်တစ်ဟက်တာမွေးမြူရင် ကန်ဒေါ်လာ ၂ဝဝဝ ဆုံးရှုံးမှုရှိကြောင်း ပြောကြားလိုက်ပါတယ်။  Soc Trang People's Committee  ပြည်သူ့ ကော်မတီက ပုစွန်ဆက်လက်မွေးမြူနိုင်ရေးအတွက် ကန်ဒေါ်လာ ၁ သန်းသုံးစွဲသွားဖို့ လျာထားကြောင်း သိရှိရပြီး ကော်မတီမှ လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနက ပုစွန်မွေးမြူသူတွေကို အထောက်အပံ့ ပေးနိုင်ဖို့အတွက် အကူအညီတောင်းခံထား ကြောင်း သတင်းရရှိပါတယ်။ှSource:english.vietnamnet.vn.comအေးမွန်မွန်လှိုင်