ဧရာ နဲ့ ရေပြာ အနီးလေးပါ ဧရာဝတီတိုင်းဒေသကြီးနဲ့ ပခုက္ကူခရိုင် ပေါက်မြို့နယ်ထဲက သမားတော်အုပ်စု ရေပြာရွာဆိုတာ မစိမ်းကြပါဘူး။ ပေါက်မြို့နယ် ထဲကထွက်တဲ့ ယောချောင်းစိုက် ကြက်သွန်နီတွေဟာ ပခုက္ကူကြက် သွန်ဒိုင်ကတစ်ဆင့် ဧရာဝတီမြစ်ကြောင်း ဒါမှမဟုတ် ကုန်းကြောင်း ကနေ ရန်ကုန်၊ ဧရာဝတီကို နှစ်စဉ်စုန်ဆင်းလေ့ရှိပါတယ်။ အလားတူ ပါပဲ ပေါက်မြို့နယ်ထဲက ကြက်သွန်စိုက်တောင်သူတွေစားဖို့ ဆန်နဲ့ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တွေ ပခုက္ကူဈေးကွက်ကတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးက ပို့ပေးတတ်ပါတယ်။ ဒါပေမဲ့ ပခုက္ကူဈေး ကွက်က အစုန်၊ အဆန် ကြားခံနေတော့ ကြားထဲက ပခုက္ကူက နာမည်ဝင်ကြီး တတ်ပါသေးတယ်။ ဒါပေမဲ့ တစ်နေ့က ပေါက်မြို့နယ် ရေပြာရွာကိုရောက်တော့ ရွာသူရွာသားတွေ အမြင်ကျယ်နေကြတာကို တွေ့ရပါတယ်။ အကြောင်းကတော့ ပုသိမ်၊ မုံရွာအဝေးပြေး ကတ္တရာလမ်းမကြီးက ရေပြာရွာကို ဖြတ်သန်းထားတာတွေ့ရပြီး ပုသိမ်နဲ့ ရေပြာက ၃၈၅ မိုင်ပဲဝေးပါတယ်လို့ သိရပါတယ်။ ရေပြာရွာကို ဦးဆောင်တဲ့ ရွာမိ ရွာဖများ ရေပြာကို ဧရာဝတီတိုင်းဒေသကြီး အတက်ကုန်၊ အောက်ကုန် ဖလှယ်ရောင်းဝယ်ရာစုရပ်အဖြစ် ဖန်တီးဖို့ စီစဉ်နေကြတာ တွေ့ ရပါတယ်။ ဧရာဝတီတိုင်းသားတွေက အညာက ကြက်သွန်နီနဲ့ ပဲမျိုးစုံကို ရန်ကုန်ဘုရင့်နောင်မှတစ်ဆင့် ဝယ်ယူစားသုံးရပါတယ်။ ပေါက်မြို့ နယ်ကလည်း ဧရာဝတီကဆန်ကို ပခုက္ကူမှတစ်ဆင့် ဝယ်ယူစားသုံးရ ပါတယ်။ အခုတော့ ပုသိမ်- မုံရွာကားလမ်းမကြီးရဲ့ကောင်းမှုကြောင့် ဧရာဝတီက ဆန်နဲ့ ငါးပိ၊ ငါးခြောက်တွေ ရေပြာကို ဆန်တက်လာပြီး အပြန်ကုန်အဖြစ် ပေါက်မြို့နယ်က ထွက်ကုန်တွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ ကြက်သွန်ဖြူ၊ နီ ကျေးလက်အိမ်တွင်းမှု ထွက်ကုန်တွေ စတာတွေ အပြန် သယ်သွားနိုင်ပါတယ်။ ပေါက်မြို့နယ်ဆိုတာ ယောချောင်း၊ ကျောချောင်း တွေထဲမှာ နှစ်စဉ်စိုက်တာ ကြက်သွန်နီ ပိဿာ ၁၂ဝ သိန်းကျော်ထွက်ပါတယ်။ ပေါက်မြို့နယ်ဟာ ယောနယ်၊ ဆောနယ်ရဲ့ တံခါးပေါက်ဝ ဖြစ်သလို ချင်းပြည်နယ်တောင်ပိုင်းရဲ့ အဝင်မုခ်ဦးလည်းဖြစ်ပါတယ်။ ယခုတော့ လမ်းကွန်ရက်တွေ စိပ်လာတာနဲ့အမျှ အရင်က စိတ်ကူးနဲ့ စဉ်းစားရင်တောင် ၃၊ ၄ ညအိပ်ရတဲ့ ခရီးတွေကို နေ့ချင်းညချင်း၊ နာရီပိုင်းအတွင်း ရောက်နိုင်ကြပါတယ်။ ယခုမြင်တွေ့ခဲ့ရတဲ့ ပေါက်မြို့နယ်သမားတော်အုပ်စု ရေပြာ ကျေးရွာနဲ့ တာဝန်ရှိသူတွေစီမံနေတာကို ကြည့်ရတာကတော့ သိပ် မဝေးတော့တဲ့ ကာလတစ်ခုအတွင်းမှာ ရေပြာရွာမှာ စည်ပင်သာယာ ဈေး၊ ကြက်သွန်သိုလှောင်ရုံ၊ ငါးပိ၊ ငါးခြောက်ပွဲရုံတွေ၊ ယာဉ်ရပ်နား စခန်း၊ ဧည့်ရိပ်သာ၊ တည်းခိုခန်းတွေနဲ့ ကုန်စည်အကူး အသန်း လမ်း ကြောင်းသစ်တစ်ခုအဖြစ် ပေါ်ထွန်းလာမှာ မြင်ယောင်မိပါကြောင်း ရေးသားလိုက်ရပါတယ်။ မောင်မောင်အေး
Background