Main menu

Background

လုံးချင်းအိမ်ရာ စီမံကိန်းကြောင့ ် 'ဇဇ'မြေ အရောင်းအဝယ်သွက်

Mon, 06/06/2011 - 09:39 -- Anonymous (not verified)

လုံးချင်းအိမ်ရာ စီမံကိန်းကြောင့ ် 'ဇဇ'မြေ အရောင်းအဝယ်သွက်                   မန္တလေးဈေးကွက်သို့ ရင်းနှီးမြှုပ်နံှသူများလာခြင်းကြောင့် မြို့တွင်း Down Town  ဧရိယာနဲ့ မြို့သစ်မြေကွက်များ အရောင်းအဝယ်သွက်လျက်ရှိပါတယ်။ လတ်တလောတွင် ထွန်ထုံးရပ် ၅၃ လမ်းနဲ့ ၅၂ လမ်းကြား၊ ငကွဲျလမ်းနဲ့ ခိုင်ရွှေဝါကြားတွင် လုံးချင်းအိမ်ရာစီမံကိန်းပြုလုပ်ရန် လျာထားခြင်းကြောင့် ၎င်း အနီးရှိ ''ဇဇ''အကွက်များမှာ ဈေးမြင့်တက်ခြင်းနဲ့အတူ အရောင်းအဝယ်သွက်လျက် ရှိကြောင်း သိရပါတယ်။                ''ဇဇ'' မြေကွက်က မနှစ်ကမိုးတွင်းမှာ ရေဝင်ခဲ့တဲ့အတွက် လူကြိုက်နည်းခဲ့ပေ မယ့် လုံးချင်းအိမ်ရာစီမံကိန်းနဲ့ လမ်းတွေခင်းလိုက်တဲ့အတွက် မတ်လပိုင်းကစပြီး တက်ဈေးနဲ့အတူ အရောင်းအဝယ်လည်းသွက်တယ်။ ဒီတစ်ပတ်ဆို အရမ်းအဝယ် လိုက်တော့ ရောင်းမဲ့သူတောင်နည်းတယ်။ မြေကွက်က တက်ဈေးရထားတုန်း အရောင်းအဝယ်လုပ်သင့်တယ်။ ဒီအချိန်မှာ မန္တလေးမြေကွက်က ရင်းနှီးမြှုပ်နံှလို့ လည်း ကောင်းတယ်။ အရောင်းအဝယ်လုပ်လို့လည်း ကောင်းတယ်။ ဝယ်ထားတဲ့ သူကလည်း ဒီအချိန်ပြန်ရောင်းရင် အမြတ်ကျန်တယ်''လို့ ပြောပါတယ်။ ထွန်းတုံးရပ်တွင် မနော်ဟရီလမ်း မြောက်ဘက်ရှိ ''ဇဇ''မြေကွက်များမှာ အရောင်းအဝယ်သွက်သော်လည်း မနော်ဟရီလမ်းတောင်ဘက်ရှိ ''ပပ'' မြေကွက် များမှာ ''ဇဇ'' မြေဈေးထက်ဈေးနိမ့်ပြီး အရောင်းအဝယ် အနည်းငယ်သာရှိပါတယ်။ '' ဇဇ'' အကွက်များတွင် ၄၉ လမ်း၊ ၅ဝ လမ်း၊ ၅၁ လမ်း၊ ၅၂ လမ်း၊ ၅၃ လမ်း၊ ၅၄ လမ်းမ ပေါ်ရှိအကွက်များမှာ ပေ ၄ဝ x၆ဝ တစ်ကွက်ကို သိန်း ၅ဝဝ နဲ့ ၇ဝဝ ကြားရှိ၍ မနော်ဟရီလမ်း နီးတဲ့အကွက်များဈေးပိုပါတယ်။ အိမ်ယာစီမံကိန်းအနီးရှိ ၅၃ လမ်းနဲ့ ၅၂ လမ်းမပေါ်တွင် ပေ ၄ဝ x ၆ဝ တစ်ကွက်ကို သိန်း ၈ဝဝ နဲ့ ၁ဝဝဝ ကြားပေါက်ပြီး ရောင်းသူနည်းလျက်ရှိကြောင်း သိရပါတယ်။ ဇူူးးဇူူးး