ကမ္ဘာ့အကြီးဆုံး ရော်ဘာစက်ရုံ စင်ကာပူ၌ ဖွင့်လှစ် ကမ္ဘာ့အကြီးဆုံး ရော်ဘာတုထုတ်လုပ်တဲ့ စက်ရုံကို ဂျာမန်ဓာတုလုပ်ငန်း Lanxess က စင်ကာပူနိုင်ငံမှာ ဆောက်လုပ်လိုက်ပြီလို့ သိရပါတယ်။ ရင်းနှီးမြှုပ်နံှမှု ဒေါ်လာသန်း ၃၅ဝ ရှိပြီး ရော်ဘာတု အထူးထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံးစက်ရုံဖြစ်တယ်လို့သိရပါတယ်။ ရော်ဘာတုနဲ့ထုတ်လုပ်တဲ့ပစ္စည်းတွေက သုံးစွဲမှုမြင့်မားပြီး တာယာ ထုတ်လုပ်ရေးတွေအတွက်လည်း စီးပွားရေးတွက်ချေ ကိုက်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် အာရှတာယာဈေးကွက်ကို မြှင့်တင်ဖို့ အတွက် ယခုလို စက်ရုံတည်ဆောက်ရခြင်းဖြစ် ကြောင်း သိရပါတယ်။ Lanxess ရဲ့ ပျမ်းမျှခြင်းတွက်ချက်မှုအရ ကမ္ဘာ့တာယာဈေးကွက်ဟာ နှစ်စဉ် ၉ ရာခိုင်နှုန်းခန့် တိုးတက်လာတာကို တွေ့ရကြောင်း သိရပါတယ်။ Jurong ကျွန်းမှာ ရော်ဘာစက်ရုံတစ်ခု ဆောက် လုပ်ပြီး တစ်နှစ်အကြာမှာ Lanxess က ဒီလိုကြီးမားတဲ့ ရင်းနှီးမြှုပ်နံှမှုကို ဆောင်ရွက်တာဖြစ်ပါတယ်။ ဂျာမန် ကုမ္ပဏီတွေက ရော်ဘာတုအမိုျးအစားအသစ်ကို နှစ်စဉ် တန်ချိန် ၁၄ဝဝဝဝ ခန့် ထုတ်လုပ်ဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။ ၎င်းအမျိုးအစားကို လောင်စာလျှော့ချ သုံးစွဲနိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု နည်းစေတဲ့ Green တာယာပြုလုပ်ရာမှာ အသုံးပြုမှာဖြစ်ပါ တယ်။ ဒီထုတ်လုပ်မှုက တစ်နှစ်ကို မက်ထရစ်တန် ရှစ်သိန်းသုံးစွဲပြီး တစ်ကမ္ဘာလုံးရှိ စက်ရုံ ခြောက်ရုံမှ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ စင်ကာပူက ဒီမဟာဗျူဟာရဲ့ အရေးကြီး နေရာဒေသဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် ွGreen တာယာဈေးကွက်ကို ဒီဒေသမှာ လျင်လျင်မြန်မြန် တိုးတက်အောင် အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။ အာရှတိုက်က ကမ္ဘာ့ရော်ဘာတု ဝယ်လိုအားရဲ့ ၅ဝ ရာခိုင်နှုန်း ရှိပါတယ်။ အာရှဟာ မိမိတို့ကုမ္ပဏီရဲ့ အလယ်အလတ်အဆင့် ဖွံ့ဖြိုးတိုးတက်မှုနဲ့ အမြတ် အစွန်းကို ရရှိစေနိုင်မှာ ဖြစ်တယ်လို့ Lanxess ရဲ့ အကြီး အကဲက ပြောကြားခဲ့ပါတယ်။ မိမိထုတ်ကုန်ရဲ့ အရည် အသွေးအတွက် စိတ်ကျေနပ်ဖွယ်ရာ ဝယ်လိုအားတွေ လည်း တက်လာမယ်လို့ ၎င်းက ပြောကြားခဲ့ပါသေးတယ်။ Lanxess က စက်ရုံအသစ်အတွက် လူ ၁ဝဝ ခန့် ငှားရမ်းထားပြီး ၂ဝ၁၅ခုနှစ် ပထမနှစ်ဝက်လောက် မှာစတင် လည်ပတ်နိုင်မယ်လို့ သိရပါတယ်။ Jurong ကျွန်းမှာရှိတဲ့ ရော်ဘာတုစက်ရုံမှာတော့ လုပ်သား ၁၈ဝ ခန့် အလုပ်လုပ်ပြီး ၂ဝ၁၃ခုနှစ်မှာ စတင်ဖွင့်လှစ်လည်ပတ်နိုင်မယ်လို့ သတင်းရရှိပါတယ်။ Source: commodity online, KZW
Background