ဝယ်လက်မျှော်တဲ့ ကျောက်ဆည်နနွင်း မေလဆန်းကထဲက ဈေးအေးလာတဲ့ ကျောက်ဆည်နနွင်း ယခုအချိန်ထိ ဆက် လက် ဈေးအေးနေပါတယ်။ အိန္ဒိယနနွင်း ဈေးကွက်ကျဆင်းနေခြင်းရဲ့ အကျိုးဆက်က ပြည်တွင်းနနွင်းဈေးကွက်ကိုပါ ထိခိုက်လာပါတယ်။ ယခုနှစ် နနွင်းစိုက် တောင်သူများဟာ အထွက်နှုန်းပိုတဲ့ နနွင်းမျိုးကိုရောနှောစိုက်ပိုျးလာကြောင်း၊ ဗမာ နနွင်းစစ်စစ်က တစ်ဧကပိဿာ ၇ဝဝ ဝန်းကျင်သာ ထွက်ပြီး ယခုနှစ်စိုက်တဲ့ ရှမ်းနနွင်းက ပိဿာ ၁၂ဝဝ ဝန်းကျင်ထွက်လို့ အထွက်နှုန်း ကောင်းမွန်ပေမဲ့ အရည်အသွေးညံ့ကြောင်း၊ လက်ရှိဈေးကွက် အနေအထားအရ အရည်အသွေးကောင်း ပစ္စည်းကိုသာ ရွေးချယ်ဝယ်ယူလျက်ရှိကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ယခင်အပတ်က တစ်ပိဿာ ၂၈ဝဝ ကျပ်ဈေးရှိခဲ့ပြီး ယခုတစ်ပတ်မှာ ၂၆ဝဝ ကျပ်ပေါက်ဈေး ရှိသော်လည်း အဝယ်သာရှိပြီး တင်ပို့မှုမရှိကြောင်း သိရပါတယ်။ ကျော်မြင့်
Background