Main menu

Background

အိန္ဒိယနနွင်းကို ပြည်ပမှ ဝယ်လိုအားပြန်လည်မြင့်မားလာ

Mon, 06/06/2011 - 10:13 -- Anonymous (not verified)

အိန္ဒိယနနွင်းကို ပြည်ပမှ ဝယ်လိုအားပြန်လည်မြင့်မားလာ               အိန္ဒိယနနွင်းကို အနောက်အာရှ၊ ဂျပန်၊ ဥရောပနဲ့ အမေရိကန်တို့မှ အဝယ်အော်ဒါတွေ လက်ခံရရှိလာပြီဖြစ်ရာ ပြည်တွင်း နနွင်းဈေးကျဆင်းမှု ရပ်တန့်သွားမယ်လို့ ခန့်မှန်းကြပါတယ်။ လွန်ခဲ့တဲ့ငါးလမှစပြီး နနွင်းဈေး ၅ဝ ရာခိုင်နှုန်းကျ ဆင်းခဲ့တယ်။             ဇန်နဝါရီလအတွင်းက နနွင်းဈေးနှုန်းမှာ ၁ဝဝ ဂရမ်ကို ရူပီး ၁၆၈၂၂ (တစ်တန်ကို ကန်ဒေါ်လာ ၃၇၃၈ ဝန်းကျင်) ဖြစ်သော်လည်း ယခုလက်ရှိဈေးနှုန်းမှာ ၁ဝဝ ဂရမ်ကို ရူပီး ၈၄၃ဝ (တစ်တန်ကို ကန်ဒေါ်လာ ၁၈၇၃ ဝန်းကျင်) ဖြစ်ပါတယ်။ အိန္ဒိယပြည်တွင်းလယ်သမားတွေ နနွင်းစိုက်ပိုျးကုန်ကျစရိတ်က နနွင်း ၁ဝဝ ကီလိုကို ရူပီး ၆ဝဝဝ မှ ၆၅ဝဝ (တစ်တန်ကို ကန်ဒေါ်လာ ၁၃၃၃-၁၄၄၄ ဝန်းကျင်) ဖြစ်ပြီး လက်ရှိပေါက်ဈေး အောက်ဈေးကျပါက စိုက်ပိုျးသူတွေကို ထိခိုက်နစ်နာ စေမယ်လို့ သိရပါတယ်။ ှSource:business-standard.com ပပ