ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ ၉၅ဝ ၉၅ဝ၂ မန္တလေး ၁ ပိဿာ ၉၅၂ ၉ဝ၈၃ မုံရွာ ၁ ပိဿာ ၉၃၇ ၉ဝဝ၄ ပခုက္ကူ ၁ ပိဿာ ၉၄၇ ၉ဝ၅၅ မြင်းခြံ ၁ ပိဿာ ၉၄ဝ ၈၉ဝ၆ ရေစကြို ၁ ပိဿာ ၈၉ဝ ၈၉ဝကုလားပဲဖြူလုံးကြီး ဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်သမားများသာ ဝယ်အားအတင့်အသင့်ရှိခဲ့ပြီး ရန်ကုန်အဆွဲအေးသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉ဝ၈ ကျပ်(တစ်တန်ကို ၅၅၆ဝ၅ဝ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းလာ တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ တော့ မြို့ပေါ်ပဲခွဲစက်သမားများက တစ်ပိဿာကို ၉ဝ၅ ကျပ်(တစ်တန်ကို ၅၅၄၂၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေကြောင်း သိရပါတယ။် မြင်းခြံဈေးကွက်မှာ ပဲခွဲစက်လုပ်ငန်းရှင်များက အဝယ်ခပ်ပါးပါး သာရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ၈၉ဝ ကျပ် (တစ်တန်ကို ၅၄၅ဝ၂၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ။် မံုံရွာဈေးကွက်မှာတော့ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်နဲ့ မုံရွာခရိုင်များမှ ကုလားပဲဖြူလုံးကြီးတွေ ဈေးကွက်သို့ အဝင်များနေသလို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းပဲ ခွဲစက်လုပ်ငန်းရှင်တွေကလည်း ဈေးလျော့အဝယ်ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ပိဿာ ၉ဝဝ ကျပ်(တစ် တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background