Main menu

Background

Window 8 စနစ်ကို မိုက်ကရိုဆော့က ထုတ်ဖော်ပြသ

Tue, 06/07/2011 - 07:32 -- Anonymous (not verified)

Window 8  စနစ်ကို မိုက်ကရိုဆော့က ထုတ်ဖော်ပြသ                  အမေရိကန်ပြည်ထောင်စုနဲ့ တိုင်ပေနည်းပညာကွန်ဖရင့်တွေမှာ မိုက်ကရိုဆော့ ကော်ပိုရေးရှင်းက နောင်လာမဲ့ စက်လည်ပတ်မှုစနစ်သစ်တစ်ခုကို ထုတ်ဖေါ်ကြေညာခဲ့ပါတယ်။                    စက်လည်ပတ်မှု စနစ်သစ်ကို Window 8  လို့ အမည်ပေးထားပြီး တဲဘလက် ကွန်ပူျတာတွေနဲ့ အနေတော်ဖြစ်စေမဲ့ ပရိုဂရမ်တွေ ပါဝင်ပါတယ်။ အက်ပဲကုမ္ပဏီနဲ့ အပြိုင်အဆိုင်ဆောင်ရွက်နေရတဲ့အတွက် Window 8 ကို နောင်လာမဲ့ ၁၈ လ အတွင်း ဖြန့်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။                   အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ပါလိုဗတ်က D 9 ကွန်ဖရင့်နဲ့ တိုင်ပေက Computex  ပြပွဲတွေမှာ မိုက်ကရိုဆော့ရဲ့ အစ စာမျက်နှာကို ထုတ်ဖော် ပြသခဲ့ပါတယ်။ ဒီစာမျက်နှာက နောက်ဆုံးထုတ်ဖုန်းဆော့ဝဲနဲ့ တူညီပါတယ်။ မိုက်ကရိုဆော့က စက်လည်ပတ်မှု စနစ်သစ်တစ်ခုကို တိုးတက်အောင် ပြုလုပ် ထားတာကို သရုပ်ပြစဉ်တွေ့ မြင်ရပါတယ်။ ဒီစနစ်သစ်ကTouch Screen  ရော မောက်စ်နဲ့ ကီးဘုတ်တို့ကိုပါ အသုံးပြုနိုင်ပြီး သမားရိုးကျ ပီစီတွေ၊ လက် တော့နဲ့ တဲဘလက်ကွန်ပျူတာတွေမှာ သုံးနိုင်မှာ ဖြစ်ပါတယ်။                    ဇွန် ၂ရက်က သီးခြားပြုလုပ်တဲ့ ပွဲတစ်ပွဲမှာ နောင်လာမဲ့ Windows 8 Version  အတွက် မိုက်ကရိုဆော့နဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်တယ်လို့ ချစ်ပ် ထုတ်လုပ်ရေး အမေရိကန် ကုမ္ပဏီ Qualcomm က ပြောပါတယ်။ Source:asahi.com