Main menu

Background

ငလျင်ဒဏ်ခံရသော ကားအစိတ်အပိုင်း ထုတ်လုပ်သူတွေကို ဂျပန်ကထောက်ပံ့မည်

Tue, 06/07/2011 - 07:44 -- Anonymous (not verified)

ငလျင်ဒဏ်ခံရသော ကားအစိတ်အပိုင်း ထုတ်လုပ်သူတွေကို ဂျပန်ကထောက်ပံ့မည်               မတ် ၁၁ရက် မြေငလျင်နဲ့ ဆူနာမီ ဒဏ်ကိုခံရတဲ့ မော်တော်ကား အစိတ် အပိုင်း ထုတ်လုပ်သူတွေကို ထောက်ပံ့ ဖို့ ယန်းဘီလီယံ ၅ဝ (ဒေါ်လာ ၆၁၇သန်း) ရှိရန်ပုံငွေကို ထူထောင်ဖို့ ဂျပန်အစိုးရဘဏ်က စီစဉ်နေတယ်လို့ အရာရှိတစ်ဦးက မေ ၃ဝရက်နေ့က ပြောပါတယ်။             ဂျပန်ဖွံ့ဖြိုးရေးဘဏ်က အဓိက ဘဏ်ကြီးတွေဆီကနေ ရင်းနှီးမြှုပ်နံှမှု တွေကို ရယူပြီး ရန်ပုံငွေအဖွဲ့ကို ဇွန်မှာ ထူထောင်မယ်လို့ ဘဏ်အရာရှိ တစ်ဦး က ပြောပါတယ်။ ဒီကိစ္စနှင့် ပတ်သက် ပြီး မကြာမီမှာ တရားဝင်ကြေညာချက် ထုတ်ပြန်မယ်လို့ ပြောပါတယ်။ အစီအစဉ်အရ လိုအပ်တဲ့ ရင်းနှီး မြှုပ်နံှမှုတွေကို ဘဏ်ကတစ်ဆင့် ဂျပန် မော်တော်ကား အစိတ်အပိုင်းထုတ်လုပ်ရေးလုပ်ငန်း အသင်းကိုပေးပါမယ်။ အသင်းကတစ်ဆင့် အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ လက်ခွဲကန်ထရိုက်တွေကို ငွေ သား ထုတ်ပေးသွားပါမယ်။ ဂျပန်နိုင်ငံရှိ မော်တော်ကား ထုတ် လုပ်ရေး ကုမ္ပဏီတွေကို လေအေးပေး စက်လို အတွင်းပိုင်းကိရိယာ တန်ဆာ ပလာ အစိတ်အပိုင်းတွေ ပေးသွင်းတဲ့ မော်တော်ကား အစိတ်အပိုင်း ထုတ်လုပ်သူ ၈ဝဝကျော်ရှိပါတယ်။ ဒီကုမ္ပဏီတွေရဲ့ လက်ခွဲကန်ထရိုက် ၄ဝဝဝနဲ့ လက်ခွဲကန်ထရိုက်တွေကနေ တစ်ဆင့် ထပ်ယူတဲ့ ကန်ထရိုက် ၂ဝဝဝဝ လောက်ရှိတယ်လို့ မီဒီယာ တွေက ပြောပါတယ်။                ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီ ကြီးတွေဖြစ်တဲ့ တိုယိုတာနဲ့ ဟွန်ဒါတို့ရဲ့ ထုတ်လုပ်မှုက ဧပြီ သဘာဝဘေး ကြောင့် ဖြန့်ဖြူးမှုကွင်းဆက်ပြတ် တောက်လို့ ကုမ္ပဏီရဲ့ တစ်ကမ္ဘာလုံး ထုတ်လုပ်မှု ထက်ဝက်ကျဆင်း ခဲ့တယ် လို့ ကုမ္ပဏီတွေက မေ ၂၇ရက်က ပြောပါတယ်။                ဧပြီလလယ်က စက်ရုံအများစု ပြန်လည် လည်ပတ်နိုင်ခဲ့ပေမဲ့ ထုတ်လုပ်မှုတွေက ပုံမှန်အနေအထား အောက် ရောက်နေပြီး အစိတ်အပိုင်း တွေ ပြတ်လပ်မှုက လချီကြာနိုင်သေးတယ်လို့ ဝေဖန်ဆန်းစစ်သူတွေက ခန့်မှန်ထားပါတယ်။ Source:AFP