Main menu

Background

ဂျပန်နိုင်ငံရှိ လူ ၁၅ ဦးမှာ အီး-ကိုလိုင်းကူးစက်ပိုးတွေ့

Tue, 06/07/2011 - 08:09 -- Anonymous (not verified)

ဂျပန်နိုင်ငံရှိ လူ ၁၅ ဦးမှာ အီး-ကိုလိုင်းကူးစက်ပိုးတွေ့               ဂျပန်နိုင်ငံက ကိုရီးယားစတိုင် ဘာဘီကျူစားသောက်ဆိုင်က ဖောက်သည် ၁၅ ဦး လောက်မှာ အီး-ကိုလိုင်း ကူးစက်ပိုးတွေ့ရတယ်လို့ အရာရှိတွေက ဇွန် ၂ ရက်က ပြောပါတယ်။ အခုတွေ့ရတဲ့ ကူးစက်ပိုးက ဥရောပမှာ တွေ့ရတဲ့ပိုးနဲ့ အမျိုးအစားချင်း မတူဘူးလို့ ပြောပါတယ်။ တိုယာမ စီရင်စုက နာမည်ကြီး ဂျူခါခုဆိုင်မှာ စားသောက်ပြီးနောက် လူ ၂ဝကို စစ်ဆေးခဲ့ရာ လူ ၁၅ ဦးမှာ အီး-ကိုလိုင်း ဘက်တီးရီးယားပိုး အမျိုးအစား ဥ ၁၅၇ ကို တွေ့ရတယ်လို့ ပြောပါတယ်။ Source:AFP