Main menu

Background

ယွမ်ငွေကြေးကိုပိုမိုလွတ်လပ်ခွင့် ပေးတော့မည်

Tue, 06/07/2011 - 08:39 -- Anonymous (not verified)

ယွမ်ငွေကြေးကိုပိုမိုလွတ်လပ်ခွင့် ပေးတော့မည်               တရုတ်နိုင်ငံယွမ်ငွေကြေးကို ပင်လယ်ရပ်ခြားမှာ ပိုမိုပြီးကျယ်ကျယ်ပြန့် ပြန့်အသုံးပြုနိုင်အောင်ကြိုးပမ်း လျက်ရှိပါတယ်။ဒါကြောင့် ယွမ်ငွေကြေးအသုံး ပြုမှုကိုထိန်းခုျပ်ထားတာကို လာမဲ့နှစ်အနည်းငယ်အတွင်းမှာ ထူးထူးခြားခြား လျှော့ချပေးလိမ့်မယ်လို့ထိပ်တန်း ဘဏ်အရာရှိကြီးတစ်ဦးက ဇွန် ၃ ရက် က ပြောပါတယ်။ ငါးနှစ်အတွင်းမှာ မတည်ရင်းနှီးငွေ စာရင်းကနေ ယွမ်ငွေကြေးကို ပင်လယ် ရပ်ခြားဖလှယ်လို့ရတော့မှာဖြစ်တယ်လို့ အနာဂတ်ကာလမှာ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဖြစ်ဖို့ တစ်ပြေးနေတဲ့တရုတ်ဆောက်လုပ်ရေး ဘဏ်ဥက္ကဌ Guo Shuqing ကပြောကြောင်းWall Street Journal မှာဖော်ပြထားပါတယ်။              ''ထိန်းချုပ်မှုလုံးဝမရှိဘူးဆိုတဲ့ သဘောတော့မဟုတ်ပါဘူး။ဒါပေမဲ့နယ် စပ်ဖြတ်ကျော်ပြီးဆောင်ရွက်တဲ့စီးပွားရေး လုပ်ဆောင်ချက်တွေမှာ တခြားနိုင်ငံ တွေ လိုပုံမှန်အနေအထားမျိုးဖြစ်လာမှာပါ''လို့ Guo  က သတင်းစာအင်တာဗျုး တစ်ခုမှာပြောပါတယ်။ တရုတ်ဆောက်လုပ်ရေးဘဏ်ဟာ တရုတ်နိုင်ငံမှာရှိတဲ့ ''ဘဏ်ကြီး လေးဘဏ်''အနက်တစ်ခုအပါအဝင်ဖြစ်ပါတယ်။                 ဈေးကစားတဲ့ ရင်းနှီးမြှုပ်နံှသူတွေ မဝင်နိုင်အောင်၊ကမ္ဘာ့စီးပွားရေးမတည် ငြိမ်မှုဖြစ်တွေကရိုက်ခတ်မှုမရှိအောင် ကာကွာဖို့ လောလောဆယ်မှာ တရုတ် ပြည်ကနေ ယွမ်ငွေကြေးအဝင်အထွက်ကို ထိန်းချုပ်ထားပါတယ်။ Source.AFP