Main menu

Background

နိုင်ငံခြားဝင်ငွေ ရှာဖွေနေတဲ့ ရှေးဟောင်း ပုဂံမြေ

Tue, 06/07/2011 - 09:10 -- Anonymous (not verified)

နိုင်ငံခြားဝင်ငွေ ရှာဖွေနေတဲ့ ရှေးဟောင်း ပုဂံမြေ              ရှေးဟောင်းအနုပညာလက်ရာ အများအပြားနှင့် ဘုရားစေတီ၊ ကျောက်စာများပေါများလှတဲ့ မန္တလေးတိုင်းဒေသကြီး ပုဂံ ညောင်းဦးတွင် တန်ခိုးကြီးဘုရားများ၊ ပုဂံခေတ် ပန်းချီပန်းပု နံရံဆေးရေးပန်းချီများ၊ ကျောက်စာများ၊ မြန်မာမှု အနုလက်ရာ များနှင့် ယွန်းထည်များကို ပြည်တွင်းသာမက ကမ္ဘာလှည့်ခရီးသည်များကလည်း စိတ်ဝင်စားလှပါတယ်။ ကမ္ဘာလှည့်ခရီးသည်များ မြန်မာပြည်ကိုလာရောက်လည်ပတ်သူတိုင်း ပုဂံညောင်ဦးကို အဓိကထားလည်ပတ်တာကို သိရပါတယ်။ နိုင်ငံခြားသားများ ဝင်ရောက်မှုများသော ပုဂံညောင်ဦး နိုင်ငံခြားဝင်ငွေရရှိမှုမှာ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၆၉၈၅ဝရရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၅၂၈၈ဝ ရရှိခဲ့ပါတယ်။ ဘဏ္ဍာနှစ် နှစ်နှစ်နှိုင်းယှဉ်ပါက ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ၈၃ဝ၃ဝ ပိုမိုရရှိခဲ့တယ်လို့ သိရပါတယ်။               ယခုနှစ် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဧပြီလဆန်းနှင့် မေလကုန်ပိုင်းတွင် ဧည့် ၄၇၆ဝ ဦး ဝင်ရောက်ခဲ့ပြီး ကန်ဒေါ်လာ ၂၃၆၉၁ နှင့် FEC  ၂၃၉ဝ၉ ရရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ် ဧပြီလတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ရာသီဥတုကလည်း ကောင်းမွန်ခြင်းတို့ကြောင့် ခရီးသွားဧည့်သည်များပိုမိုဝင်ရောက်ကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများမှ သိရှိရပါတယ်။     တင်မျိုးခိုင်