Main menu

Background

ကုန်သွယ်ရေးနှင့် သမဝါယမဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီး မုံရွာကုန်စည်ဒိုင်အသင်းဝင်များနဲ့ တွေ့ဆုံ

Tue, 06/07/2011 - 09:58 -- Anonymous (not verified)

ကုန်သွယ်ရေးနှင့် သမဝါယမဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီး မုံရွာကုန်စည်ဒိုင်အသင်းဝင်များနဲ့ တွေ့ဆုံ              ကုန်သွယ်ရေးနှင့်သမဝါယမဝန်ကြီးဌာန စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီး ဦးစိန်မောင်းသည် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းမန်နေဂျာ ဦးမြင့်စိုးနှင့် အတူ ဇွန်လ ၂ ရက် နံနက် ၁၁း၃ဝ က မုံရွာ ကုန်စည်ဒိုင်သို့ ရောက်ရှိလာပြီး ကုန်စည်ဒိုင် အတွင်း အသင်းဝင်ကုန်သည်ပွဲစားနဲ့ စက်ပိုင်တို့ရဲ့ ပဲနမူနာနှင့် တကွ ခင်းကျင်းရောင်းဝယ်နေကြသည် ကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး လုပ်ငန်းရှင်များနဲ့ ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။      ဆက်လက်၍ဝန်ကြီးနှင့် တိုင်းဒေသကြီး မန်နေဂျာ တို့ဟာ မုံရွာကုန်စည်ဒိုင် အစည်းအဝေး ခန်းမ၌ ကုန်စည်ဒိုင် အလုပ်အမှုဆောင်ကော်မတီဝင်များနဲ့ တွေ့ဆုံပြီး ပဲမျိုးစုံနဲ့ ကုန်စည်စီးဆင်းမှု အခြေအနေများ၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု ကိစ္စရပ် များနဲ့ စပ်လျဉ်း၍ လုပ်ငန်းရှင်များရဲ့ အတွေ့ အကြုံနဲ့ အခက်အခဲများကို မေးမြန်း၍ ကော်မတီ ဝင်များရဲ့ တင်ပြချက်များအပေါ် ဝန်ကြီးနဲ့ တိုင်း ဒေသကြီး မန်နေဂျာတို့မှ ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ပေးခဲ့ကြတယ်လို့ သိရပါတယ်။ ထွန်းလှိုင်