Main menu

Background

မဲဟောင်ဆောင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့နှင့် ကုန်သည်စက်မှုအသင်း ရှမ်းပြည်နယ်(တောင်ပိုင်း)တို့ တွေ့ဆုံဆွေးနွေး

Tue, 06/07/2011 - 09:58 -- Anonymous (not verified)

မဲဟောင်ဆောင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့နှင့် ကုန်သည်စက်မှုအသင်း ရှမ်းပြည်နယ်(တောင်ပိုင်း)တို့ တွေ့ဆုံဆွေးနွေး             ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ပြည်နယ်၊ အုပ်ချုပ်ရေးမှူး Mr.Gumtorm Thavornstit  ဦးဆောင် သော ပြည်နယ်စီးပွားရေးနှင့် ခရီးသွား လုပ်ငန်းတာဝန်ရှိသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ အဖွဲ့သည် ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း (ရှမ်းပြည်နယ်တောင်ပိုင်း) ဦးဆောင်သော ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့ များ မှ တာဝန် ရှိသူများနှင့် ဇွန်လ ၁ ရက် တွင် တောင်ကြီးမြို့ အေးသာယာ ဂေါက်ကလပ်ခန်းမ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် မဲဟောင်ဆောင် ပြည်နယ်နှင့်ကယားပြည်နယ်၊ ရှမ်းပြည် နယ် (တောင်ပိုင်း)တို့ ဒေသထွက် ကုန်များ ကုန်သွယ်မှုနှင့် ခရီးသွားလုပ် ငန်းများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများဆွေးနွေးခဲ့ကြကြောင်း၊ မဲဟောင်ဆောင်ပြည်နယ် အနေနဲ့ နယ်နိမိတ်ဆက်စပ်နေသော ကယားပြည်နယ်၊ ဘော်လခဲမြို့နယ်တွင် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်နိုင်ရေး အတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့များထံမှ ဆက်လက် ဆက်သွယ် တင်ပြ ဆောင်ရွက်သွားရန် ရှိကြောင်း သတင်းရရှိပါသည်။ နေလင်းစံ