Main menu

Background

လားရှိုးလက်ကားကုန်စည်ဒိုင်မှ ပြောင်းစိုက်တောင်သူများအား မျိုးစေ့၊ ဓာတ်မြေသြဇာများ အတိုးမဲ့ထုတ်ချေး

Tue, 06/07/2011 - 10:00 -- Anonymous (not verified)

လားရှိုးလက်ကားကုန်စည်ဒိုင်မှ ပြောင်းစိုက်တောင်သူများအား မျိုးစေ့၊ ဓာတ်မြေသြဇာများ အတိုးမဲ့ထုတ်ချေး             လားရှိုးမြို့နယ်ရဲ့ ၂ဝ၁၁-၁၂ ခုနှစ် ပြောင်းစိုက်ရာသီအတွင်း လားရှိုးမြို့ ဘုံမွန်ကျေးရွာအုပ်စု၊ ဘုံပန်ကျေးရွာ၊ မိုင်းပတ် ကျေးရွာ၊ ပန်ကြဲကျေးရွာများနှင့် မန်ကောင်းကျေးရွာအုပ်စု မိုင်းယန်းကျေးရွာများရှိ ဒေသခံ ပြောင်းစိုက်ပျိုးသူ တောင်သူများသို့ (CP-888 )အထွက်နှုန်းကောင်းပြောင်းမျိုးများနှင့် ဓာတ်မြေသြဇာများအား လားရှိုးလက်ကား ကုန်စည်ဒိုင်မှ တစ်ဆင့် ၂ဝ၁၁ ခုနှစ် မေလ ၂၃ ရက်မှစပြီး ဖြန့်ဝေပေးခဲ့ရာ လားရှိုးလက်ကားကုန်စည်ဒိုင် ပြောင်းကုန်သည်ကြီးများမှ (CP-888 ) ပြောင်းမျိုးစေ့အိတ်ကြီး ၃ဝ အိတ်၊ အိတ်သေး ၁၅ အိတ်နှင့် ပုလဲဓာတ်မြေသြဇာ ၁၇ အိတ်တန်ဖိုးငွေ ၅၁၇၉၅ဝဝ ကျပ်အား လည်းကောင်း၊ လားရှိုးလက်ကားကုန်စည်ဒိုင်အနေဖြင့် ပြောင်းမျိုးစေ့ကြီး ၂ဝ အိတ်နှင့် ပုလဲဓာတ်မြေသြဇာ ၄၉၆ အိတ်၊ တန်ဖိုးငွေ ၆၉၆၂ဝဝဝ ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ ၁၂၁၄၁၅ဝဝ ကျပ်အား ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။ ပြောင်းပေါ်ရာသီ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ဒေသပေါက်ဈေးနှုန်းဖြင့် သီးနံှပြန်လည်ပေးသွင်းရန် ကုန်စည်ဒိုင်အလုပ်အမှုဆောင် အဖွဲ့နှင့် ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်းညှိနှိုင်း၍ အတိုးမဲ့ ထုတ်ချေး ပေးခဲ့ကြောင်းနှင့် အခြားကျေးရွာအုပ်စုများရှိ ပြောင်းစိုက်တောင်သူများသို့လည်း မျိုးနှင့် သွင်းအားစုများ ဆက်လက်ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တင်မောင်သိန်း