ရတနာတိုးလယ်ယာကုန်ထုတ်အသင်း(ဟင်္သာတမြို့နယ်)ကို မျိုးကောင်းမျိုးသန့်စပါးမျိုးများ ပေးအပ်ပြီ ဟင်္သာတမြို့နယ်၊ လယ်ယာကုန်ထုတ်အသင်း ကြီးကြပ်မှုကော်မတီမှ ဦးဆောင်မှုဖြင့် ရတနာတိုး လယ်ယာကုန်ထုတ်အသင်း (ဟင်္သာတမြို့နယ်)သို့ မြန်မာနိုင်ငံဆန်စပါးအသင်း (ဟင်္သာတမြို့နယ်)ခွဲမှ မျိုးသန့်စပါးများဖြစ်သည့် ဆင်းသွယ်လက်၊ ဆင်းသုခ၊ ရွှေဝါထွန်း စပါးမျိုးများအား တောင်သူ ၈၅ ဦး၏ စိုက်ဧက ၅၄၇ ဧကအနက် ပထမအရစ်အနေဖြင့် ၂၂ဝ ဧကစာ စပါးမိုျး (၃၄ဝ ၁/၂) တင်းပေးအပ်ပွဲနှင့် သိပ္ပံနည်းကျ ပျိုးထောင်စိုက်ပျိုးနည်းစနစ်များ သရုပ်ပြ အခမ်းအနားကို ဇွန်လ ၂ ရက်နေ့တွင် ချောင်းဖျားကြီးအုပ်စု မကျည်းကုန်းကျေးရွာ တောင်သူဦးစိုးသိန်း၏ လယ်တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ခရိုင်မန်နေဂျာ၊ မြို့နယ်မန်နေဂျာ၊ ခရိုင်အဆင့်အကြီးအကဲများ၊ မြို့နယ်လယ်ယာ ကုန်ထုတ် အသင်းစုကြီးကြပ်မှု ကောမတီဝင်များ မြန်မာနိုင်ငံ ဆန်စပါးအသင်း (ဟင်္သာမြို့ နယ်ခွဲ) ဥက္ကဌ၊ မြန်မာနိုင်ငံ ပဲနှမ်းကုန်သည်များအသင်း (ဟင်္သာတမြို့နယ်ခွဲ) ဥက္ကဌ၊ ဟင်္သာတ ဆန်စပါးအထူးပြု ကုမ္ပဏီမှဒေသခံ ဒါရိုက်တာနှင့် အသင်းဝင် တောင်သူ များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ ကျော်ဌေး
Background