သရက်သီးအစုအဖွဲ့ ထိုင်းနိုင်ငံကိုလေ့လာရေးခရီးသွားရောက် မန္တလေးတိုင်းဒေသကြီး သရက်အစုအဖွဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်များဟာ မေလ ၂၆ ရက်နေ့မှ ၃ဝ ရက်နေ့အထိ FAO အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ရောင်းဝယ်မှု တိုးတက်ရေးပြပွဲသို့ လေ့လာရေးခရီး ၄ ရက်ကြာ သွားရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။ ရှေ့လာမယ့် ဇူလိုင်လထဲတွင် တိုင်းဒေသကြီး မန်နေဂျာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ကြီးမှူးပြီး သရက်သီးနဲ့ ပတ်သက်လို့ အပင်စိုက်ပျိုးနည်း ပြုစုပျိုးထောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ အပင်တိုင်း ပွင့်ပြီး အပွင့်တိုင်းသီးရန်၊ နည်းစနစ်များ အထွက်နှုန်းတိုးတက်ရေးနဲ့ ပိုးမွှား ကာကွယ်ခြင်း၊ ပိုးသတ်ဆေး သုံးစွဲနည်းစတဲ့ မရိတ်သိမ်းမီ အပင်ပြုစုပျိုးထောင် တဲ့ (Pre- Harvest) သင်တန်းတစ်ခုဖွင့်လှစ်ပို့ချသွားမှာ ဖြစ်ကြောင်းနဲ့ သင်တန်း ကာလမှာ ၂ ရက်ခန့်ကြာမြင့်မှာဖြစ်ပြီး သရက်စိုက် တောင်သူများ မည်သူ မဆိုအခမဲ့ တက်ရောက်နိုင်ကြောင်း သိရပါတယ်။ ခင်မြင့်မြင့်သန်း
Background