မြင်းခြံမြို့ ကုန်သည်ပွဲစား စက်ပိုင်များနဲ့ တွေ့ဆုံ
မြင်းခြံမြို့ ကုန်သည်ပွဲစား စက်ပိုင်များနဲ့ တွေ့ဆုံ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ဇံဟာ မေလ ၂၈ ရက် က မြင်းခြံမြို့ ကုန်သည်ပွဲစားစက်ပိုင်များ ကထိန်တော်အသင်း (မြင်းခြံကုန်စည်ဒိုင်)မှာ ကုန်သည်ပွဲစားစက်ပိုင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ကုန်သည်ပွဲစား စက်ပိုင်များရဲ့ သိရှိလိုတဲ့ မေးမြန်းချက်များအား တိုင်းဒေသကြီး ဝန်ကြီးနဲ့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ တိုင်းဒေသကြီးမန်နေဂျာတို့မှ ရင်းနှီး ပွင့်လင်းစွာ ဖြေကြားရှင်းလင်းပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲသို့ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ ကုန်စည်ဒိုင်ဥက္ကဌနဲ့ အလုပ်အမှုဆောင်များ၊ အသင်းသူ၊ အသင်းသားများ စုံစုံညီညီတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ လယ်ယာထွက်ကုန်(မြင်းခြံ)
