Main menu

Background

ရွှေပြည်တန်လယ်ယာကုန်ထုတ်အသင်း(ဟင်္သာတမြို့နယ်)ကို မျိုးကောင်းမျိုးသန့်စပါးမျိုးများ ပေးအပ်ပြီ

Tue, 06/07/2011 - 10:03 -- Anonymous (not verified)

ရွှေပြည်တန်လယ်ယာကုန်ထုတ်အသင်း(ဟင်္သာတမြို့နယ်)ကို မျိုးကောင်းမျိုးသန့်စပါးမျိုးများ ပေးအပ်ပြီ                ဟင်္သာတမြို့နယ်၊ လယ်ယာကုန်ထုတ်အသင်း ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ရွှေပြည်တန်လယ်ယာ ကုန်ထုတ်အသင်း(ဟင်္သာတမြို့နယ်) သို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း(ဟင်္သာတမြို့နယ်ခွဲ)မှမျိုးသန့်စပါးများဖြစ်သည့် ဆင်းသွယ်လတ်၊ဆင်းသုခ၊ရွှေဝါထွန်းစပါးမျိုးများအား တောင်သူ ၉၄ ဦး၏ စိုက်ဧက ၅၁၁ ဧကအနက်ပထမအရစ်အနေဖြင့် ၂ဝ၆ ဧက စပါးမိုျး ၃၅၂ တင်း ပေးအပ်ပွဲနှင့် သိပ္ပံနည်းကျဘောင်ပျိုးစံနစ်ပျိုးထောင်နည်းသရုပ်ပြအခမ်းအနားကို မေလ ၂ဝ ရက်တွင် အင်းဓဝယ်ကျေးရွာအုပ်စု စိုက်ပျိုးရေးပညာပေးစခန်း၌ ပြုလုပ်ကြောင်း သိရှိရသည်။     အဆိုပါအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမြို့နယ်မန်နေဂျာနှင့် မြို့နယ်လယ်ယာကုန်ထုတ်အသင်းစုကြီးကြပ်မှုကော်မတီဝင်များ၊မြန်မာနိုင်ငံ ဆန်စပါး အသင်း(ဟင်္သာတမြို့နယ်ခွဲ)ဥက္ကဌ၊မြန်မာနိုင်ငံပဲ/နှမ်းကုန်သည်များအသင်း (ဟင်္သာတမြို့နယ်ခွဲ) ဥက္ကဌ၊ ဟင်္သာတ ဆန်စပါးအထူးပြုကုမ္ပဏီမှဒေသခံ ဒါရိုက်တာ တို့နှင့်အသင်းဝင်တောင်သူများတက်ရောက်ကြောင်း သတင်းရရှိသည်။ ကျော်ဌေး