Main menu

Background

ဧရာဝတီယူနိုက်တက် များစွာ တိုးတက်လာသည်ဟု ကစားသမားဟောင်းများက ချီးကျူး

Tue, 06/07/2011 - 10:05 -- Anonymous (not verified)

ဧရာဝတီယူနိုက်တက် များစွာ တိုးတက်လာသည်ဟု ကစားသမားဟောင်းများက ချီးကျူး                   ဧရာဝတီယူနိုက်တက် များစွာ တိုးတက်လာသည်ဟု ကစားသမားဟောင်းများက ချီးကျူး ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလ က (ယခင်ဒယ်လ်တာယူနိုက်တက်) ဧရာဝတီယူနိုက်တက်အသင်းမှကမ္ဘောဇ အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် လှ အေးထွေးနှင့်ကျော်ဇေယျာဝင်းတို့က ဧရာဝတီယူနိုက်တက်အသင်းအနေဖြင့် ယခင်ကထက်ပိုမို တောင့်တင်းလာခဲ့ သည်ဟု ဖွင့်ဟချီးကျူးခဲ့ကြောင်း သိရသည်။    ''ဧရာဝတီအသင်းဟာ ကျွန်တော်တို့ရှိစဉ်ကထက်ပိုပြီး တောင့်တင်းလာ ပါတယ်။ ပံ့ပိုးမှုအပိုင်းနဲ့စုစည်းမှုပိုင်းမှာ ကောင်းလာသလို နည်းပြကလည်း ကောင်းပါတယ်။ မြန်မာနေရှင်နယ်လိဂ် မှာပေးဂိုး နှစ်ဂိုးပဲရှိသေးတဲ့ အဲဒီအသင်း ရဲ့ခံစစ်ကြောင်းကတော့ အံ့သြလောက် ပါတယ်''ဟု လှအေးထွေးက အသင်း ပိုင်ဝက်ဘ်ဆိုက်မှတစ်ဆင့်ပြောကြားခဲ့ ခြင်းဖြစ်သည်။       ထို့ပြင် အသင်းဟောင်းနှင့်ပွဲတွင် လွဲချော်ဖွယ်ရှိသည့် ကျော်ဇေယျာဝင်း ကလည်း ''ဧရာဝတီရဲ့တိုက်စစ်မှူးတွေ က အရမ်းကောင်းတယ်။ ထိန်းရခက်ပြီး ဂိုးသွင်းခြေလည်းရှိတယ်။ ပြီးခဲ့တဲ့ ရာသီကထက် စည်းလုံးညီညွတ်မှုပိုပြီး ကောင်းလာတယ်လို့ ထင်ပါတယ်''ဟု ပြောကြားသွားခဲ့သည်။        ဧရာဝတီယူနိုက်တက်နှင့်ကမ္ဘောဇ အသင်းတို့သည် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ၏ ရပ်တည်မှုတွင် ရမှတ် ၁၆မှတ်တူ ဂိုးကွာခြားချက်ဖြင့် အဆင့် သုံးနှင့်လေးတို့တွင် ရပ်တည် လျက်ရှိပြီး ဧရာဝတီအသင်းမှာမူ ရှုံးပွဲ မရှိစံချိန်ကို ရရှိထားကြောင်းသိရသည်။