Main menu

Background

အသင်း၏ ရလဒ်အား လွန်စွာစိတ်ပျက်မိကြောင်း ဇေယျာရွှေမြေ နည်းပြ ညည်းတွား

Tue, 06/07/2011 - 10:07 -- Anonymous (not verified)

အသင်း၏ ရလဒ်အား လွန်စွာစိတ်ပျက်မိကြောင်း ဇေယျာရွှေမြေ နည်းပြ ညည်းတွား          မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၉) ဇေယျာရွှေ မြေနှင့်မနောမြေတို့၏ပွဲစဉ်တွင် မနောမြေအသင်း က ဇေယျာရွှေမြေအသင်းအား နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ အဆိုပါရလဒ်နှင့်ပတ်သက်၍ နည်းပြချုပ် စတီဖင်ဟန်ဆန်က ''ကျွန် တော့်အသင်းသား တွေဟာ လိုအပ်တာထက် ကိုယ့်ကိုယ်ကို ယုံကြည် မှု လွန်ကဲလွန်းတယ်။ ပြိုင်ဘက်ကို အထင်သေးပြီး လျှော့တွက်ခဲ့ကြတယ်။ အရမ်းကို စိတ်ပျက်ဖို့ ကောင်းတဲ့ရလဒ်ပါ။ မနောမြေအသင်းက သူတို့ရင်ဘတ်နဲ့ရင်းပြီး ကြိုးစားပမ်းစားကစား နေချိန်မှာ ကျွန်တော့်အသင်းသားတွေကတော့ ကျောင်းသားငယ်လေးတွေလိုပဲ။ ပေါ့ပျက်ပျက် နဲ့ကစားနေကြတာ''ဟု ညည်းတွားခဲ့ကြောင်း သိရသည်။        ဇေယျာရွှေမြေအသင်းသည် ဇော်ထက်အောင် ၏ သွင်းဂိုးဖြင့် မိနစ် ၈ဝ အထိ ဦးဆောင် ထားနိုင်ခဲ့သော်လည်း မနောမြေအသင်းမှ အီဂျစ် ကစားသမား ဇာကီက ၈၁မိနစ်တွင် ချေပဂိုးသွင်းယူ ပေးခဲ့ပြီး ၈၈မိနစ်တွင် အေးမင်းဝင်းက ပယ်နယ်တီမှတစ်ဆင့် အနိုင်ဂိုးရယူနိုင်ခဲ့သည်။ ယခုရှုံးပွဲသည် ဇေယျာရွှေမြေအသင်းအတွက် ဒုတိယမြောက်ရှုံးပွဲပင် ဖြစ်သည်။ ယခုပွဲရလဒ်ကြောင့် ဇယားတိုင်၏ အဆင့် တစ်နေရာသို့ တက်လှမ်းနိုင်ရန် မျှော်လင့်နေသည့် ဇေယျာရွှေမြေအသင်း မျှော်လင့်ချက်ပျက်ပြယ် ခဲ့ရသည်။