Main menu

Background

ခဲနှင့် ပေါက်ခံရသောကိစ္စကို တရားဝင်ကန့်ကွက်စာတင်သွင်းမည် မဟုတ်ဟု ဟာရယ်ဆို

Tue, 06/07/2011 - 10:09 -- Anonymous (not verified)

ခဲနှင့် ပေါက်ခံရသောကိစ္စကို တရားဝင်ကန့်ကွက်စာတင်သွင်းမည် မဟုတ်ဟု ဟာရယ်ဆို                        ဧရာဝတီယူနိုက်တက်အသင်း၏ နည်းပြချုပ် ဂျိုးဇက်ဟာရယ်သည် ပြီးခဲ့သည့် မြန်မာနေရှင်နယ် လိဂ်ပွဲစဉ်(၉) ရန်ကုန်ယူနိုက်တက်နှင့်ပွဲအပြီးတွင် ခဲ နှင့်ပေါက်ခံခဲ့ရမှုကြောင့် အဆိုပါကိစ္စအား တရားဝင်ကန့်ကွက်စာ တင်သွင်းမည်မဟုတ် ကြောင်း ပွဲအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ကြောင်း သိရသည်။       အဆိုပါပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို ရန်ကုန် ယူနိုက်တက်ပရိသတ် များက ကျေနပ်မှုမရှိသဖြင့် ကွင်းအတွင်းသို့ ခဲများဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ပွဲအပြီး တွင် ဧရာဝတီယူနိုက်တက်အသင်း၏ နည်းပြချုပ် ဖြစ်သူဂျိုးဇက်ဟာရယ်သည် ရန်ကုန်ယူနိုက်တက် နည်းပြဖြစ်သူ အဲရစ်ဝီလံျအား နှုတ်ဆက်ရန် ရန်ကုန် ယူနိုက်တက်အသင်း၏အရန်ခုံတန်းသို့ သွားရောက်စဉ်တွင် ပရိသတ်များထဲမှ ခဲကျိုး တစ်ခုဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရ သည်။ ဟာရယ် က အဆိုပါခဲကျိုးအား ပွဲကြီးကြပ်သူများ မြင်တွေ့ စေရန် ပြသခဲ့ကြောင်းလည်း သိရသည်။ ဂျိုးဇက်ဟာရယ်က ''ဒါမျိုးဟာ ပြိုင်ဆိုင် မှုပြင်းထန်တဲ့ဘောလုံးပွဲမျိုးမှာ ဖြစ်နေကြပါ။    ကန့်ကွက်စာတင်ဖို့မရှိပါ ဘူး။ စိတ်ခံစားမှုမြင့်တက် တဲ့ ပြိုင်ပွဲတွေမှာ ပရိသတ်တွေလုပ်တတ်တဲ့ သဘောပါ။ ဒါမျိုးကဖြစ်တတ်ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရဆိုရင်တော့ ဘောလုံး ပရိသတ်တွေဟာ ကွင်းထဲကို အရာဝတ္ထုတွေနဲ့ ပစ်တတ်ကြပါတယ်။ သူတို့က အသင်းကို နိုင်စေ ချင်ကြတာပါ။ ဗီယက်နမ်၊ အင်ဒို၊ မလေးတို့မှာ လည်း တစ်ခါတစ်လေ ဒီလိုမျိုး ဖြစ်တတ်ပါတယ်'' ဟု ပွဲအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။