Main menu

Background

ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန်ကြိုးပမ်းခဲ့မှုအတွက် အရေးယူမှုများပြုလုပ်မည် မဟုတ်ဟု ဘလတ္တာဆို

Tue, 06/07/2011 - 10:10 -- Anonymous (not verified)

ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန်ကြိုးပမ်းခဲ့မှုအတွက် အရေးယူမှုများပြုလုပ်မည် မဟုတ်ဟု ဘလတ္တာဆို          ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးကို နောက်ထပ် လေးနှစ်သက်တမ်းတာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံခဲ့ရသည့် ဆပ်ဘလတ္တာက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၎င်းအား မဲပေးရန်ငြင်းဆန်ခဲ့ခြင်းအတွက် အရေးယူမှုများ ပြုလုပ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။    ဇူးရစ်မြို့တွင်ပြုလုပ်ခဲ့သည့်ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်ညီလာခံတွင် ဖီဖာ ဥက္ကဋ္ဌရာထူးအတွက် မဲပေးရွေးချယ်ခဲ့ ရာတွင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကရွေးကောက်ပွဲကိုရွှေ့ဆိုင်းပေးရန်တောင်း ဆိုခဲ့ပြီး မဲပေးရန်ငြင်းဆန်ခဲ့ကြောင်း သိရသည်။     အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘလတ္တာက ''ကျွန်တော့်ကို မဲမပေးတဲ့အတွက် ဘယ်လိုမှ မခံစားရပါဘူး။ နိုင်ငံတိုင်းမှာရှိတဲ့ ဘောလုံးအသင်းတွေ အတွက် ကျွန်တော် အလုပ်လုပ်သွား မှာပါ။ ၁၈၆မဲရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)အနေနဲ့လည်း ဒီ ရွေးကောက်ပွဲကို အက်ဖ်အေက လက်ခံ ယုံကြည်လာဖို့ အထူးအစည်းအဝေး တွေ ခေါ်ယူကျင်းပခဲ့တာကို ကျွန်တော် သိပါတယ်''ဟု ပြောကြားခဲ့သည်။ ဖီဖာဥက္ကဋ္ဌရာထူးအတွက် ယခင် အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဘင်ဟာမန်းလည်း ဝင်ရောက်ရွေး ချယ်ခံနိုင်ရန် ကြိုးစားခဲ့သော်လည်း ၂ဝ၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် လာဘ်စားမှုများရှိသည်ဟူ သည့်စွပ်စွဲချက်များကြောင့် ရွေးကောက် ပွဲမှ စောစီးစွာ နုတ်ထွက်ခဲ့ရကြောင်း သိရသည်။