Main menu

Background

မန်ယူတွင်သာ နေလိုသည်ဟု ပြောကြားအပြီး မန်ယူနှင့် အိုဝင် စာချုပ်သစ်ချုပ်ဆို

Tue, 06/07/2011 - 10:11 -- Anonymous (not verified)

မန်ယူတွင်သာ နေလိုသည်ဟု ပြောကြားအပြီး မန်ယူနှင့် အိုဝင် စာချုပ်သစ်ချုပ်ဆို             ဒဏ်ရာများ ရရှိနေမှုနှင့် ခြေစွမ်းပျောက်ဆုံးနေမှုကြောင့် အရန်ခုံတန်း တွင်သာ အချိန်ပြည့်ထိုင်နေခဲ့ရသည့် မန်ယူအသင်း၏ တိုက်စစ်မှူး မိုက်ကယ် အိုဝင်က ၎င်းအနေဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းတွင်သာဆက်လက် နေလိုကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ မိုက်ကယ်အိုဝင်က''ကျွန်တော် မန်ယူမှာ နေရတဲ့အချိန်တိုင်းကို မြတ်နိုး တယ်။ ကျွန်တော်တို့အသင်းမှာ ကစား သမားကောင်းတွေ၊ဝန်ထမ်းကောင်းတွေ၊ နည်းပြကောင်းတွေ၊ ပရိသတ်ကောင်း တွေ အများကြီးရှိတယ်။ ကျွန်တော် ဒီအသင်းမှာပဲ ဆက်နေချင်တယ်''ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုသို့ဖွင့်ဟပြောကြားခဲ့ပြီးနောက် မန်ယူနည်းပြဖာဂူဆန်က မိုက်ကယ်အို ဝင်အား နောက်ထပ်တစ်နှစ်သက်တမ်း ရှိစာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ အသက် ၃၁နှစ်အရွယ်ရှိမိုက်ကယ် အိုဝင်သည် နယူးကာဆယ်အသင်းမှ ၂ဝဝ၉ခုနှစ် ဇူလိုင်လ အပြောင်းအရွှေ့ ကာလတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့် မန်ယူအသင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အိုဝင်သည် လီဗာပူးအသင်း၏ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်း ရွှေ့ကစားခဲ့ခြင်းဖြစ်သည်။          ဒဏ်ရာပြဿနာများကြောင့် ပွဲထွက်ခွင့်မရခဲ့သည့်အိုဝင်အား မန်ယူ နည်းပြဖာဂူဆန်က နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်း တွင်လည်း ခြေစွမ်းပျောက်ဆုံးနေမှုကြောင့် အရန်ခုံတန်းတွင်သာ နေခဲ့ရချိန်များပြီး ပွဲထွက်ခွင့်အနည်းငယ်သာ ရခဲ့သည်။     အိုဝင်သည်မန်ယူအသင်းအတွက် ၄၈ ပွဲသာကစားပေးနိုင်ခဲ့ပြီး ၃၃ ပွဲမှာ အရန်ခုံတန်းတွင်သာ ထိုင်နေခဲ့ရသည်။ မန်ယူသို့ရောက်သည့်အချိန်မှ ယနေ့အ ထိ အသင်းအတွက် ၁၄ ဂိုးသာ သွင်းယူ ပေးနိုင်ခဲ့သည်။ အိုဝင်သည် ပရီးမီးယား လိဂ်နောက်ဆုံးပွဲစဉ် ဘလက်ပူးလ်နှင့် ပွဲတွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လည်း အိုဝင်သည် အရန်ခုံတန်းတွင်သာထိုင် နေခဲ့ရပြီး ပွဲထွက်ခွင့်မရခဲ့ပေ။