Main menu

Background

တန်ဖိုးငယ်ငွေစက္ကူများ ဖြန့်ဖြူးလဲလှယ်ပေးလျက်ရှိ

Tue, 06/07/2011 - 10:18 -- Anonymous (not verified)

တန်ဖိုးငယ်ငွေစက္ကူများ ဖြန့်ဖြူးလဲလှယ်ပေးလျက်ရှိ                မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်သူများငွေကြေးသုံးစွဲမှု လွယ်ကူ ချောမွေ့စေရန်အတွက် ၁ိ/-တန်မှ ၅ဝဝဝိ/-တန်အထိ ငွေစက္ကူများထုတ်ဝေလျက်ရှိရာ၊ ယင်းအနက်၁ိ/-၊ ၅ိ/-၊ ၁ဝိ/-၊ ၂ဝိ/-၊ ၅ဝိ/-၊ ၁ဝဝိ/-၊ ၂ဝဝိ/- နှင့် ၅ဝဝိ/- တန် တန်ဖိုးငယ်ငွေစက္ကူများအားလွယ်လင့်တကူသုံးစွဲနိုင်ရန် စဉ်ဆက် မပြတ် ဖြန့်ဖြူးလဲလှယ်ပေးလျက်ရှိကြောင်းသိရှိ ရပါသည်။                    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာရေးနှစ်အထိ ၆ နှစ်တာကာလအတွင်း တန်ဖိုးငယ်ငွေစက္ကူများအား အောက်ဖော်ပြပါအတိုင်း ဖြန့်ဖြူးလဲလှယ်ပေးခဲ့ကြောင်း သိရှိရပါသည် ဘဏ္ဍာရေးနှစ်               ကျပ်သန်းပေါင်း၂ဝဝ၅-၂ဝဝ၆                 ၇၆၆၆.၁၈ဝ၂ဝဝ၆-၂ဝဝ၇                 ၄၄၃၇.၈၈ဝ၂ဝဝ၇-၂ဝဝ၈                 ၁၁၁၅.၄ဝဝ၂ဝဝ၈-၂ဝဝ၉                 ၄၄၇ဝ.၇၆ဝ၂ဝဝ၉-၂ဝ၁ဝ                 ၁ဝ၂၆၇.ဝ၄ဝ၂ဝ၁ဝ-၂ဝ၁၁                 ၅၈ဝ၈၆.၈ဝဝ                   မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနသို့ ၂၂.၁.၂ဝဝ၈ ရက်နေ့မှစ၍ တစ်ပတ်လျှင် ကျပ် ၂၆ ဒသမ ၆ဝ သိန်း လဲလှယ်ပေးခဲ့ပြီး၊ ၁၄.၉.၂ဝ၁ဝ ရက်မှစ၍ တစ်ပတ်လျှင် ကျပ် ၆ဝ သိန်းသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီသို့ ၂၂.၁.၂ဝဝ၈ ရက်နေ့မှစ၍ အပတ်စဉ် ကျပ် ၂၆ ဒသမ ၆ဝ သိန်း လဲလှယ်ပေးခဲ့ပြီး၊ ၂၉.၃.၂ဝ၁၁ ရက်နေ့မှစ၍ တစ်ပတ်လျှင် ကျပ်သိန်း ၂ဝဝ သို့လည်းကောင်း တိုးမြှင့်လဲလှယ်ပေးလျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်လျက် ရှိရာမှ ပြည်သူများအတွင်း လည်ပတ်သုံးစွဲနေ သည့် ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူ လျော့နည်းပပျောက်စေရေးအတွက် ၃.၈.၂ဝဝ၉ ရက်နေမှစ၍ အမှတ်-၁၉၈၊ ဗိုလ်ဆွန်ပက်လမ်းနှင့် ကမ်းနားလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံ တော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၊ ငွေကြေးဌာန၊ ငွေစက္ကူလဲလှယ်ရေးကောင်တာ နှင့်ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၃ဝ)တို့တွင် ဟောင်းနွမ်း စုတ်ပြဲ ငွေစက္ကူများကို မိမိလဲလှယ်သည့် ငွေစက္ကူအမျိုးအစားအတိုင်း တန်ဖိုးတူ ငွေစက္ကူသစ်များဖြင့် နေ့စဉ် လဲလှယ်ပေးလျက်ရှိကြောင်း သိရပါသည်။ နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဈေးများဌာနသို့ ၈.၈.၂ဝဝ၈ ရက်နေ့မှစ၍ အပတ်စဉ် ကျပ် ၂၄ သိန်း လဲလှယ်ပေးခဲ့ပြီး ၁ဝ.၅.၂ဝ၁ဝ ရက်နေ့မှစ၍တစ်ပတ်လျှင် ကျပ် ၇၅ သိန်း အထိ တိုးမြှင့်လဲလှယ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။                   မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မန္တလေးဘဏ်ခွဲမှလည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနသို့ ၈.၁ဝ.၂ဝဝ၈ ရက်နေ့မှစ၍ တစ်ပတ်လျှင် ကျပ် ၃၁ ဒသမ ၈ဝ သိန်းလဲလှယ်ပေးခဲ့ပြီး ၇.၁.၂ဝ၁၁ ရက်နေ့မှစ၍ တစ်ပတ်လျှင် ကျပ် ၃၁ ဒသမ ၇ဝ သိန်းအထိလည်းကောင်း၊ ၁၇.၈.၂ဝဝ၉ မှစ၍ ယနေ့အထိ မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီသို့ တစ်ပတ်လျှင် ကျပ် ၂၅ ဒသမ ၅ဝ သိန်းအားလည်းကောင်း လဲလှယ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။                    ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေး ဘဏ်ခွဲတို့မှ ကုန်တိုက်များ၊ ှSupermarket များ၊ စတိုးဆိုင်များ၊ ကုမ္ပဏီများအပြင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များသို့လည်း လုပ်ငန်းပမာဏ အပေါ်မူတည်၍ တန်ဖိုးငယ် ငွေစက္ကူများအား လဲလှယ်ပေးလျက် ရှိပါသည်။ ၎င်းအပြင် တစ်နိုင်ငံ လုံးရှိ မြန်မာ့စီးပွားရေးဘဏ်များ အနေဖြင့်လည်း ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူများ အား လာရောက်လဲလှယ်သည့် ငွေစက္ကူအမျိုးအစားအတိုင်း တန်ဖိုးတူ ငွေစက္ကူ သစ်များဖြင့် ပြန်လည်လဲလှယ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။                  မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ယင်းသို့သာမန်ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူ အဆင့်ထက် ကျော်လွန်သည့် ချွတ်ယွင်းငွေစက္ကူများ (မီးလောင်၊ ဆွေးမြေ့၊ ပိုးမွှားကိုက်၊ ဓာတ်ဆေး၊ ဆိုးဆေးမိ၊ ဆီစွန်းစသည်များ)ကိုမူ ယခင်က အမှတ်-၁၉၈ ဗိုလ်ဆွန်ပက်လမ်းနှင့် ကမ်းနားလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးဌာန၊ ချွတ်ယွင်း ငွေစက္ကူများ တန်ဖိုးလဲလှယ်ပေးရေးဌာနစိတ်တွင် သာ လက်ခံစိစစ်လဲလှယ် ပေးလျက်ရှိရာမှ လုပ်သားပြည်သူများ ပိုမိုအဆင်ပြေစွာ လဲလှယ်နိုင်ရန်အတွက် နေပြည်တော်ခရိုင်၊ ဥတ္ထရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ရုံးအမှတ်(၅၅)၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးဌာန၌ ၂ဝ၁ဝခုနှစ် နိုဝင်ဘာ ၁ ရက်မှစ၍လည်းကောင်း၊ မန္တလေးမြို့ ၈၂ လမ်းနှင့် ၂၆ လမ်းထောင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁)၊ အဆောက်အအုံ ပထမထပ်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် မန္တလေးဘဏ်ခွဲ၌ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃ရက်မှစ၍ လည်းကောင်း ချွတ်ယွင်း ငွေစက္ကူများတန်ဖိုး လဲလှယ်ပေး ရေး ဌာနစိတ် ဖွင့်လှစ်၍ လဲလှယ်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။