Main menu

Background

ရေဖျန်းပန်ကာ Mist Stand Fan

Tue, 06/07/2011 - 10:37 -- Anonymous (not verified)

ရေဖျန်းပန်ကာ Mist Stand Fan               မိုးရာသီရောက်နေပေမယ့် ပူအိုက်နေတဲ့ အချိန်ဖြစ်တာကြောင့် အဲယားကွန်းလိုမျိုး အအေးဓာတ်ကို ပေးစွမ်းနိုင်တဲ့ ရေဖျန်းပန်ကာ Mist Stand Fan  လေးပဲဖြစ်ပါတယ်။ အဲဒီရေဖျန်းပန်ကာလေးဟာ အဝေးထိန်း စနစ်ပါဝင်တဲ့အပြင်Timer လည်း ပါဝင်ပါတယ်။ ပန်ကာရဲ့ ရှေ့ဘက်မှာ ရေထည့်ဖို့ခွက်တစ်လုံး ပါဝင်ပြီး အမြန်နှုန်းအဆင့် သုံးဆင့်နဲ့ မိမိလိုအပ်တဲ့ လေပမာဏကို အသုံးပြုနိုင်ပါတယ်။ ရေဖျန်းပန်ကာရဲ့ Mist Button ကို နှိပ်ခြင်းဖြင့် ပန်ကာမှ ရေမှုန်လေးများဟာ နှင်းများသဖွယ် ထွက်လာပြီး ပတ်ဝန်းကျင်ကို အေးမြစေနိုင်ပါတယ်။              ဖြုတ်ရ တပ်ရ လွယ်ကူတဲ့အပြင် ဆေးရကြောရတာလည်း လွယ်ကူပါတယ်။ ရေခွက်အတွင်းသို့ ရေတစ်ခါဖြည့်ထားပါက ၁ဝ နာရီကြာအသုံးပြုနိုင် ပါတယ်။ ပန်ကာတပ်ဆင်မှုအပိုင်းမှာ Screw Type  ဖြစ်ပြီး ပေါ့ပါးတဲ့အတွက် သယ်ဆောင်ရ လွယ်ကူပါတယ်။ အေးမြမှုကို ခံစားလိုသူတိုင်းအတွက် စိတ်ဝင်စားလို့ဝယ်ယူချင်တယ်ဆိုရင်တော့ အနော်ရထာလမ်းမပေါ်မှာရှိတဲ့ အဲဗား ဖိုင်း အီလက်ထရွန်းနစ်စတိုး ဖုန်း-၃၈၃၄၆၆၊ ၃၈၇၆၄ဝ မှာတစ်လုံးကို ကျပ် ၅ဝဝဝဝ နဲ့ မေးမြန်းစုံစမ်း ဝယ်ယူရရှိနိုင်ပါတယ်။