Main menu

Background

မွှေးရနံ့သင်းသင်းလေးနဲ့ အရည်ပါခြင်ပြေးစက် Mosquito Hacker

Tue, 06/07/2011 - 10:39 -- Anonymous (not verified)

မွှေးရနံ့သင်းသင်းလေးနဲ့ အရည်ပါခြင်ပြေးစက် Mosquito Hacker                  မွှေးရနံ့ သင်းသင်းလေးနဲ့ အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်တဲ့ ခြင်ပြေးစက် Mosquito Hacker လေးပဲ ဖြစ်ပါတယ်။ အနံ့သုံးမျိုးနဲ့ ထုတ်လုပ်ထားပြီး လိမ္မော်ရနံ့၊ ကြာပန်းရနံ့၊ ပန်းရနံ့အနက် မိမိကြိုက်နှစ်သက်ရာ ရနံ့လေးကို သုံးစွဲနိုင်ပါတယ်။ မီးခိုးမထွက်၊ ပြာမကျွေတဲ့အတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်တဲ့အပြင် အနံ့ ကြောင့်လည်း လူတွေကိုအန္တရာယ် မဖြစ်စေနိုင်ပါဘူး။ အရည်တစ်ဘူးကို နာရီ ၃ဝဝ ကြာ အသုံးပြုနိုင်ပါတယ်။ ခြင်ဆေးရည် တစ်ဘူးဟာ ၁၅ မီတာအကျယ်ရှိတဲ့ အခန်း တွင်းကို ခြင်တွေမလာနိုင်အောင် တားဆီးပေးမှာ ဖြစ်ပါတယ်။ အိမ်မီးနဲ့တိုက်ရိုက်အသုံးပြုလို့ရပြီး လျှပ်စစ်သုံးစွဲ မှုမှာ ၅ ဝပ်သာရှိတဲ့အတွက် စွမ်းအင်ကို ချွေတာရာလည်း ရောက်ပါတယ်။ အရည်ပါဝင်မှုပမာဏမှာ ၄၅မီလီလီတာ ပါဝင်ပြီး အရည်ကုန်သွားတဲ့အခါမှာလည်း အရည်သီးသန့် ဝယ်ယူလို့ရတဲ့အတွက် သုံးစွဲသူတိုင်းကို အဆင်ပြေစေနိုင်ပါတယ်။ လိုအပ်တဲ့သူတိုင်းအတွက် အနော်ရထာ လမ်းမ ပေါ်မှာရှိတဲ့ အဲဗားဖိုင်း အီလက်ထရွန်းနစ်စတိုး ဖုန်း- ၃၈၃၄၆၆၊ ၃၈၇၆၄ဝ မှာ အရည်ပါ တစ်စုံကို ကျပ် ၃၅ဝဝ၊ အရည်တစ်ဘူးကို ကျပ် ၂ဝဝဝနဲ့ မေးမြန်းစုံစမ်း ဝယ်ယူရ             ရှိနိုင်ပါတယ်။