Main menu

Background

အာရှစမတ်ဖုန်း ဈေးကွက်ပွင့်လန်း

Tue, 06/07/2011 - 10:41 -- Anonymous (not verified)

အာရှစမတ်ဖုန်း ဈေးကွက်ပွင့်လန်း                စတ်ဖုန်းအရေအတွက်တွေဟာ ကမ္ဘာ့ စုစုပေါင်းတင်ပို့မှုရဲ့ ၁ဝ ရာခိုင်နှုန်း ရှိတယ်လို့ တချို့ ကျွမ်းကျင်သူတွေက ပြောပြီး တချို့ကတော့ ၃၅ ရာခိုင်နှုန်း ရှိတယ်လို့ တောင်ခန့်မှန်းကြပါတယ်။ နောင်လာမယ့် သုံးနှစ်ငါးနှစ်အတွင်းမှာ အာရှပစိဖိတ်ဒေသဟာ စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် လျင်မြန်စွာ ကြီးထွားပြီး အကြီးဆုံးဈေးကွက်တစ်ခုဖြစ် လာနိုင်ပါတယ်။ အာရှဒေသကတော့ အဲဒီလိုဖုန်းမျိုးတွေ တင်ပို့ရာမှာ ကမ္ဘာ့ တင်ပို့မှုရဲ့လေးပုံတစ်ပုံရှိတယ်လို့ သုတေ သနလုပ်ငန်းတွေဖြစ်တဲ့ Canalys, Frost & Sullivan နဲံ့ ABI သုတေသနတွေက ခန့်မှန်းပါတယ်။ ဒါပေမဲ့ ၂ဝ၁၅ ခုနှစ်မှာ ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှု စုစုပေါင်းရဲ့တစ်ဝက်က အာရှဆိပ်ကမ်း တွေကို ရောက်လာလိမ့်မယ်လို့ လေ့ လာသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်လိုနိုင်ငံတွေ မှာ ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးတက် လာတဲ့အတွက် စမတ်ဖုန်းသုံးသူတွေ ပိုမိုများပြားလာလိမ့်မယ်လို့ ကျွမ်းကျင် သူတွေက ခန့်မှန်းကြပါတယ်။ ထိုမျှမက စမတ်ဖုန်းလုပ်ငန်းကြီးနှစ်ခုက ယခုနှစ်အတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်မှုက ရလာမဲ့ အသီးအပွင့်တွေကိုရယူခံစားဖို့ ကြိုးပမ်း နေပါတယ်။ ဒီကုမ္ပဏီကြီးနှစ်ခုကတော့ သုံးလပတ် တစ်ကြိမ်မှာ ပျှမ်းမျှဖုန်း သုံး သန်းတင်ပို့နေတဲ့ နိုကီယာနဲ့ မိုဘိုင်း ဆော့ဝဲကိုအဆင့်မြင့်အောင် ထုတ်လုပ် ဖို့ ကြိုးစားနေတဲ့ ဝင်းဒိုးကုမ္ပဏီတို့ ဖြစ် ပါတယ်။              ''သူတို့ရင်ဆိုင်နေတဲ့ စိန်ခေါ်မှုက မရေရာမှုပါပဲ။ စမတ်ဖုန်း ထုတ်လုပ် သူတွေက စမတ်ဖုန်းတွေ ဈေးသက် သာအောင် ထုတ်လုပ်နေကြတယ်။ပြီးခဲ့တဲ့နှစ်က စမတ်ဖုန်းတစ်ခုကို ပျှမ်းမျှ ၂၉၄ ဒေါ်လာနှုန်းပေးခဲ့ရပေမဲ့ ယခုနှစ် မှာတော့ ၂၅၅ ဒေါ်လာပဲ ပေးရတော့မယ်''လို့ ABI သုတေသနအဖွဲ့က ပြောပါတယ်။ Source:CNA