Main menu

Background

ဂျပန်စားသောက်ကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် မြန်မာကုမ္ပဏီ (၆) ခု ရွေးချယ်ခြင်းခံရ

Tue, 06/07/2011 - 10:49 -- Anonymous (not verified)

ဂျပန်စားသောက်ကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် မြန်မာကုမ္ပဏီ (၆) ခု ရွေးချယ်ခြင်းခံရ                     အာဆီယံ-ဂျပန်စင်တာမှ ကြီးမှူးပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ၃ဝ ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် ASEAN Food & Beverage ပြပွဲနဲ့ ၂ဝ၁၂ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့ အထိ ပြုလုပ်မဲ့ ၤSpecial Exhibition Foodex  ပြပွဲတွေကို တက်ရောက်ဖို့ အတွက် မြန်မာကုမ္ပဏီ ၆ ခုကို မေလ 4၂ဝ ရက်နေ့မှာ ဂျပန်နိုင်ငံကျွမ်းကျင်သူ အဖွဲ့မှ လာရောက်ရွေးချယ်ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ် တိုကျိုမြို့မှာ ကျင်းပမဲ့ ASEAN Food & Beverage ပြပွဲအတွက် ရွေးချယ်ခြင်းခံရတဲ့ ကုမ္ပဏီ ၃ ခုမှာပျားရည်တင်ပို့တဲ့ Nay Phone Tauk Int'l Trading ရေထွက်ကုန် ပစ္စည်း ကုမ္ပဏီတွေဖြစ်တဲ့ Grand Wynn Manufacturing နဲ့ Min Zar Niတို့ဖြစ်ကြပါတယ်။ ၂ဝ၁၂ ခုနှစ် Chiba မြို့မှာ ကျင်းပမဲ့ ှSpecial Exhibition Foodex အတွက် သီဟိုဠ်စေ့ကုမ္ပဏီ Moe Hein  သကြားလုံးနဲ့ ဝေဖာထုတ်လုပ် တဲ့ Tin Ye Win Manufacturing (IBC Int'l) နဲ့ လယ်ယာနဲ့ ရေထွက်ကုန် ပစ္စည်းတင်ပို့တဲ့ Asia Winner Industrial ကုမ္ပဏီ (၃) ခုရွေး ချယ်ခြင်း ခံရပါတယ်။ ဂျပန်ကျွမ်းကျင် သူအဖွဲ့က ကုန်ပစ္စည်းအရည်အသွေး၊ ထုတ်လုပ်မှုစွမ်းအား၊ ထုပ်ပိုးမှုပုံစံ၊ ပြည်တွင်းပြည်ပဈေးကွက်ရရှိမှု၊ ကုန်ပစ္စည်း ထိန်းသိမ်း သိုလှောင်မှုစတဲ့ အချက်တွေအပေါ် အခြေခံပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။                     ရွေးချယ်ခြင်းခံရတဲ့ ကုမ္ပဏီတွေ က ၎င်း ကုန်စည်ပြပွဲတွေကို စရိတ်ငြိမ်း သွားရောက် ပြသခွင့် ရရှိမှာဖြစ်ပါ တယ်။ အလားတူ အခြားအာဆီယံ နိုင်ငံများမှလည်း စားသောက်ကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ တစ်စုတစ် စည်းတည်း ပါဝင်ပြသကြမှာ ဖြစ်ရာ မြန်မာလုပ်ငန်းရှင်များအနေနဲ့ ဂျပန် ဈေးကွက်အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ကုန် ပစ္စည်းတွေကိုပါ ထိတွေ့ခွင့်ရရှိမှာ ဖြစ်ပါတယ်။ MMS(IT)