Main menu

Background

အစ္စလာမ်မစ် စီးပွားရေးပွဲတော်နှင့် အစားအသောက်ပြပွဲ ၂ဝ၁၁

Tue, 06/07/2011 - 11:03 -- Anonymous (not verified)

 အစ္စလာမ်မစ် စီးပွားရေးပွဲတော်နှင့် အစားအသောက်ပြပွဲ ၂ဝ၁၁                   အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ Jakarta Convention Centre (JCC)  မှာ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် "Islamic Halal Business Festival & Food Expo (IHBF)2011" ပြပွဲကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသဖို့ ဖိတ်ကြားလာပါတယ်။               ၎င်းပြပွဲတွင် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ၊ အားကစားပွဲများ၊ အစ္စလာမ်မစ် ယဉ်ကျေးမှုပွဲတော်နဲ့ ဖက်ရှင် ပြပွဲအစီအစဉ် (၆) မျိုးပါဝင်ကာ စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အဝတ်အထည်နဲ့ အသုံး အဆောင်ပစ္စည်းများ၊ ဘဏ်လုပ်ငန်းနဲ့ အာမခံပစ္စည်းများ ပါဝင်ပြသကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပြပွဲကို ပါဝင်ပြသလိုပါက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခုျပ်နဲ့ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ အသေး စိတ်သိရှိလိုပါက www.indonesiahalaexpo.com website  ကိုဝင်ရောက်ကြည့် ရှုနိုင်ပါတယ်။                                                        AMM(IT)