ဖိလစ်ပိုင်၏ ဆန်ဖူလုံမှုရှိသော နိုင်ငံဖြစ်လာနိုင်မှု ရည်မှန်းချက်ကြောင့် အာရှဆန်ဈေးကွက်ကို အကျိုးသက်ရောက်နိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂမှသုံးသပ်
ဖိလစ်ပိုင်၏ ဆန်ဖူလုံမှုရှိသော နိုင်ငံဖြစ်လာနိုင်မှု ရည်မှန်းချက်ကြောင့် အာရှဆန်ဈေးကွက်ကို အကျိုးသက်ရောက်နိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂမှသုံးသပ် ယခုနှစ်မှာ ဖိလစ်ပိုင်ရဲ့ ဆန်ထုတ်လုပ်မှုက ၂၈ ရာခိုင်နှုန်းတိုးတက်ကာ ဆန်တန်ချိန် ၁၁ သန်းကိုရောက်ရှိနိုင်ကြောင်းနဲ့ ယခင် ၂ဝ၁ဝ ခုနှစ် တန်ချိန် ၁ဝ ဒသမ ၇ သန်းမှ တိုးတက်လာခြင်းဖြစ်ကြောင်း ၂ဝ၁၁ ခုနှစ် ဇွန်လအတွက်ထုတ်ဝေတဲ့ စားသောက်ကုန် အလားအလာမှာ FAO မှ ခန့်မှန်းထားပါတယ်။ ၂ဝ၁၂ ခုနှစ်မှာလည်း ယခုနှစ်နှုန်းအတိုင်း ဆန်တန်ချိန် ၁၁ ဒသမ ၃ သန်းကို ရောက်ရှိမှာဖြစ်ကြောင်း FAO အရသိရှိရပါတယ်။ ဖိလစ်ပိုင်က ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ နီပေါနဲ့ ဗီယက်နမ်တို့နည်းတူ ဆန်ထုတ်လုပ်မှု ကို မြှင့်တင်နိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂက မျှော်မှန်းထားတယ်။ ကမ္ဘာ့ဆန်အများဆုံး တင်သွင်းတဲ့ ဖိလစ်ပိုင်က ၂ဝ၁ဝ ခုနှစ်မှာဆန်တန်ချိန် ၂ ဒသမ ၂၅ သန်းတင်သွင်းခဲ့ရာမှ ယခုနှစ်မှာ ဆန်တန်ချိန် ၁ ဒသမ ၃ သန်းကိုလျော့နည်း တင်သွင်း ဖွယ်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းလိုက်ပါတယ်။ ဖိလစ်ပိုင်အစိုးရကမူ ယခုနှစ်မှာ ဆန်တန်ချိန် ၈၆ဝဝဝဝ သာတင်သွင်းသွားဖို့ ရည်မှန်းထားပြီး ၂ဝ၁၂ ခုနှစ်မှာ ဆန်တန်ချိန် ၅ သိန်းကို လျော့ချတင်သွင်းသွားဖို့ ရည်မှန်းထားကြောင်း သတင်းရရှိပါတယ်။ ဖိလစ်ပိုင်ရဲ့ ဆန်တင်သွင်းမှုလျော့ကျခြင်းက အာရှမှဝယ်လိုအားအပေါ် အကျိုးသက်ရောက်မှာဖြစ်ပြီး ဒေသတွင်းဆန်ဝယ်ယူမှုမှာ ၄၁ ရာခိုင်နှုန်းကျဆင်းသွားမှာဖြစ်ကြောင်း FAO အရသိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source:gmanews.tv.com
