ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုးကျဆင်းပေမဲ့ မတ်ပဲ FOB ဈေးအနည်းငယ်ပို ပြည်ပပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး ကျဆင်းလာနေပေမဲ့ ယခုတစ်ပတ် ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်)မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ မတ်ပဲဈေးကတော့ ယခင်တစ်ပတ်ထက် အနည်းငယ်ပိုလာတာ တွေ့ရပါတယ်။ အိန္ဒိယ နိုင်ငံပိုင်အေဂျင်စီမှ မြန်မာမတ်ပဲ ဝယ်ယူဖို့ တင်ဒါခေါ်ယူထားပြီး အဝယ်သွက် လာတာကြောင့် ဈေးတက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဇွန်လ ၄ ရက်မှ ၁ဝ ရက်အထိ ပြည်ပဝယ်လက်များ ဝယ်ယူစာချုပ်ထား ရှိမှုဟာ မတ်ပဲ FAQ၊ SQ တန်ချိန် ၁၅ဝဝဝ ခန့်ရှိလို့ ယခင်သီတင်းပတ် အရောင်း အဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၂၅ဝဝဝ ထက် လျော့ကျခဲ့ပါတယ်။ ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်းမှာတော့ မတ်ပဲ SQ တန်ချိန် ၇ဝဝဝ ခန့်၊FAQ တန်ချိန် ၁၇ဝဝဝ ကျော်နဲ့ အခွံချွတ် မတ်ပဲတန် ၆ဝဝ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၁ဝ-၆-၁၁ ၇၈ဝ-၈ဝဝ ၉၃ဝ-၉၅ဝ ၃-၆-၁၁ ၇၆ဝ-၇၈ဝ ၉၁ဝ-၉၃ဝ MIRT(MAPT)
Background