Main menu

Background

ပဲစင်းငုံနီ FOB အရောင်းအဝယ်ပိုများလာ

Sun, 06/12/2011 - 04:43 -- Anonymous (not verified)

ပဲစင်းငုံနီ FOB အရောင်းအဝယ်ပိုများလာ              ယခုတစ်ပတ်ဇွန်လ၄ ရက်မှ ၁ဝ ရက်အတွင်း ပဲစင်းငုံနီ FOB  အရောင်းအဝယ် ယခင်သီတင်းပတ်ထက် ပိုဖြစ်လာပါတယ်။ ပြည်ပအဝယ်ရှိသလို ပြည်တွင်းရောင်း ချမှုလည်း များနေလို့ အရောင်းအဝယ်ပမာဏများလာပေမဲ့ FOB ဈေးနှုန်းကတော့ အနည်းငယ်လျော့ကျလာခဲ့ပါတယ်။                 ယခုတစ်ပတ်( ဇွန်လ ၄ ရက်မှ ၁ဝ ရက်) အတွင်း ပဲစင်းငုံနီ တန် ၅၄ဝဝ နဲ့ ပဲစင်းငုံဖြူနီ တန် ၃၆ဝ၊ စုစုပေါင်းတန် ၆ဝဝဝ နီးပါး အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်သီတင်းပတ်ထက် ပိုလာတာတွေ့ရပါတယ်။ ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်း ပဲစင်းငုံနီ၊ အဖြူ စုစုပေါင်း တန် ၆၇ဝဝ ခန့် ပြည်ပအရောင်း စာခုျပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြောင်းလဲလာတဲ့ ရန်ကုန် FOB  ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါ တယ်                                                             ဒေါ်လာ/တန်                  ပဲစင်းငုံနီ(FAQ)           ပဲစင်းငုံဖြူနီ၊အဖြူ(FAQ)၁ဝ-၆-၁၁        ၆၃ဝ-၉၅ဝ                     ၅၃ဝ-၅၅ဝ၃-၆-၁၁          ၆၄၅-၆၆၅                      ၅၄ဝ-၅၅ဝMIRT(MAPT)