Main menu

Background

ပဲလွန်းဖြူနီ ပုံမှန်တင်ပို့မှုရှိ

Sun, 06/12/2011 - 04:53 -- Anonymous (not verified)

ပဲလွန်းဖြူနီ ပုံမှန်တင်ပို့မှုရှိ                  ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ၊ နီတင်ပို့မှုကတော့ ယခုသီတင်းပတ် မှာလည်း ယခင်သီတင်းပတ်များလို ပုံမှန် တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ဇွန်လ ၂ ရက်မှ ၈ ရက်အတွင်း ပဲလွန်း ဖြူ တန်ချိန် ၆၅ဝ ကျော်၊ ပဲလွန်းနီ တန် ချိန် ၁၆ဝ ကျော်နဲ့ စုစုပေါင်း တန်ချိန် ၈ဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ မေလတစ်လလုံးတင်ပို့မှုအနေနဲ့ ပဲလွန်း ဖြူ တန်ချိန် ၃၉ဝဝ ခန့်ရှိပြီး ယခင်နှစ် မေလမှာ တန်ချိန် ၁၈ဝဝ ခန့်သာရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အလားတူ ဘဏ္ဍာနှစ် ကာလတူ နှိုင်းယှဉ်ရာမှာလည်း လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၃ ရက်နေ့အထိ ပဲလွန်းဖြူ တန်ချိန် ၈၇ဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာ နှစ် ကာလတူက တန်ချိန် ၆၅ဝဝ ခန့်ရှိ လို့ တန် ၂ဝဝဝ ကျော် ပိုတင်နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ် မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်း ကြပါတယ်။MIRT- MAPT