Main menu

Background

၂ဝ၁၁-၁၂ မိုးသီးနံှအတွက် အိန္ဒိယအစိုးရက အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကို တိုးမြှင့်

Sun, 06/12/2011 - 04:55 -- Anonymous (not verified)

၂ဝ၁၁-၁၂ မိုးသီးနံှအတွက် အိန္ဒိယအစိုးရက အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကို တိုးမြှင့်                အိန္ဒိယအစိုးရဟာ တောင်သူများ သီးနံှတိုးမြှင့်စိုက်ဖို့ အားပေးတဲ့အနေနဲ့ ဒုတိယနှစ် အထွက်ပိုမိုစေဖို့ ဆန်စပါးဆီထွက် သီးနံှနဲ့ အခြားသီးနံှများ ဝယ်ယူဖို့ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP) များကို ဇွန်လ ၉ ရက်နေ့က တိုးမြှင့်သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ စပါးအတွက် MSP  ကို သတ်မှတ်ရာမှာ သာမန်စပါးအတွက် တစ်တန် ၈ ရာခိုင်နှုန်းတိုးမြင့်ပြီး ရူပီး ၁ဝ၈ဝဝ (ကန်ဒေါ်လာ ၂၄၁) ၊Grade A စပါးအတွက် ၇ ဒသမ ၈ ရာခိုင်နှုန်းတိုးမြင့်ပြီး တစ်တန်ကို ရူပီး ၁၁၁ဝဝ (ကန်ဒေါ်လာ ၂၄၈) သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဓိကဆီထွက်သီးနံှ များဖြစ်တဲ့ မြေပဲကို ၁၇ ဒသမ ၄ ရာခိုင်နှုန်း တိုးမြှင့်ပြီး တစ်တန် ရူပီး ၂၇ဝဝဝ (ကန်ဒေါ်လာ ၆ဝ၄) နဲ့ ပဲပုပ်အဝါမိုျးကိုလည်း တစ်တန် ရူပီး ၁၆၉ဝဝ (ကန်ဒေါ်လာ ၃၇၈) ကိုလည်းကောင်း၊ ပဲမျိုးစုံအနေနဲ့ ပဲစင်းငုံကို ယခင်နှစ်ထက် ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၅) တိုးမြှင့်ပြီး  တစ်တန်ကို ရူပီး ၃၂ဝဝဝ (ကန်ဒေါ်လာ ၇၁၅) ၊ ပဲတီစိမ်းကို ယခင်နှစ်ထက် ရူပီး ၃၃ဝဝ (ကန်ဒေါ်လာ ၇၄) တိုးမြှင့်ပြီး ရူပီး ၃၅ဝဝဝ (ကန်ဒေါ်လာ ၇၈၂) ကိုလည်းကောင်း၊ မတ်ပဲကို ယခင်နှစ်ထက် ရူပီး ၄ဝဝဝ (ကန်ဒေါ်လာ ၈၉) တိုးမြင့်ပြီး ရူပီး ၃၃ဝဝဝ (ကန်ဒေါ်လာ ၇၃၈) ကိုလည်းကောင်း သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။                ဒါ့အပြင် ယခင်နှစ် အလားတူ ပဲရိတ်သိမ်းကာလ ၂ လအတွင်း အစိုးရဝယ်ယူရေးအေဂျင်စီတွေကို ရောင်းချတဲ့ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းများအတွက် တစ်တန်ကို ရူပီး ၅ဝဝဝ (ကန်ဒေါ်လာ ၁၁၂) နှုန်းနဲ့ အပိုဆောင်းပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝါဂွမ်းအမျိုးအစား ၂ မျိုးကိုလည်း တစ်တန်ကို ရူပီး ၃ဝဝဝ (ကန်ဒါ်လာ ၆၇) စီ တိုးမြင့်ပြီး ရူပီး ၂၈ဝဝဝ (ကန်ဒေါ်လာ ၆၂၆)နဲ့ ရူပီး ၃၃ဝဝဝ(ကန်ဒေါ်လာ ၇၃၈) ကို အသီးသီး သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းရွှေစင်၊Source: Dow Jones