Main menu

Background

ပဲတီစိမ်း သင်္ဘောအတင် တန် ၃ဝဝဝ အောက်ကျဆင်းလာ

Sun, 06/12/2011 - 04:57 -- Anonymous (not verified)

ပဲတီစိမ်း သင်္ဘောအတင် တန် ၃ဝဝဝ အောက်ကျဆင်းလာ               ပင်လယ်ရေကြောင်းက ပဲတီစိမ်းသင်္ဘောတင်ပို့မှု ယခင်သီတင်းပတ်က တန်ချိန် ၄ဝဝဝ ကျော်ရှိခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၂ ရက်မှ ၈ ရက်) အတွင်းမှာတော့ တန်ချိန် ၃ဝဝဝ အောက်ကို လျော့ကျလာခဲ့ပါတယ်။ မေလ တစ်လလုံးတင်ပို့မှု အနေနဲ့ တန်ချိန် ၂ဝဝဝဝ ကျော်ရှိပြီး ၂ဝ၁ဝ မေလအတွင်းမှာတော့ တန်ချိန် ၁၃ဝဝဝ ကျော်သာ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ဇွန်လ ၃ ရက်နေ့အထိ ပဲတီစိမ်းတင်ပို့ပြီးစီးမှု တန်ချိန် ၆ သောင်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၅ သောင်းကျော်နဲ့ ယှဉ်ရင် တန်ချိန် တစ်သောင်း ပိုတင်နိုင်တာ တွေ့ရပါတယ်။ လာမယ့်အပတ်မှာ လည်း ပဲတီစိမ်း တင်ပို့မှု အနည်းငယ်လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT