ပဲခူးတိုင်းဒေသကြီးအတွင်း မိုးပဲတီစိမ်းများ စိုက်ပျိုးပြီ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များတွင် မိုးပဲတီစိမ်းသီးနံှကို အများဆုံး စိုက်ပျိုးကြပြီး ယခုဇွန်လအတွင်း ဧက ၁ဝဝဝ နီးပါးခန့် စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ယခင်နှစ်က မေလအတွင်း မျိုးလက်ကျန်မရှိတဲ့ တောင်သူများမှ ဝယ်ယူမှုများရှိတဲ့အတွက် မျိုးပဲတီစိမ်းဈေးမှာ တစ်တင်းကို ၅ဝဝဝဝ ကျပ်ထိဈေးကောင်းရခဲ့တာကို တွေ့ရပါတယ်။ ယခုနှစ်အတွင်း မျိုးပဲလုံလောက်စွာရှိကြတဲ့အတွက် ပဲဈေးကွက်အတွင်း မျိုးပဲဝယ်ယူမှုများမရှိကြဘူးလို့ ပွဲရုံများမှ သိရပါတယ်။ ယခင်နှစ် ပဲတီစိမ်းပေါ်စ မေလတွင် တစ်တင်း ၂၆ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ကြပြီး ယခုနှစ်မှာတော့ ပဲဈေးကွက် အတွင်း ပဲမျိုးစုံဈေးနှုန်းများမှာ ယခင်နှစ်ဈေးကို မမီကြတဲ့အတွက် ပဲတီစိမ်းဈေးမှာလည်း ယခင်နှစ်အဖွင့်ဈေးကို မီမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ခင်ဆွေဝင်း
Background