မုံရွာစိမ်းကြီး ဈေးကွက်အရောင်းအဝယ်သွက်နေဆဲ ပဲတီစိမ်းကြီးဈေးကွက်ဟာ ဇွန်လပထမပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်အတွင်း အရောင်းအဝယ် အားအကောင်းဆုံး ပဲအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ နယ်အဝင်ပမာဏနဲ့ မန်းအဆွဲတို့ မျှတညီညွတ်နေတာ ပေါက်ဈေးကတော့ ယခုတစ်ပတ်ထဲမှာ အနိမ့်ဆုံး တစ်တင်း ၂၇ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၉ဝဝဝ ကျပ်ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်နဲ့ တစ်ရက်ဈေးအတက် အကျ တစ်တင်း ၁ဝဝဝ ကျပ်ဝန်းကျင်ရှိခဲ့တယ်လို့ ကုန်သည်အသိုင်းအဝန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက တစ်တင်း အမြင့်ဆုံးဈေး ၃၁ဝဝဝ ကျပ်ကို မမီပေမဲ့ ယခုပေါက်ဈေးဟာ တောင်သူတွေ သင့်တင့်တဲ့ အကျိုးအမြတ်ရှိတဲ့အတွက် အခုလို နယ်ပစ္စည်းအဝင်သွက်လာတာဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းအရောင်းအဝယ်အနေနဲ့ ယခု တစ်ပတ်အတွင်း တစ်ရက်ပျမ်းမျှ အိတ် ၂ဝဝဝ မှ ၃ဝဝဝ ကြားအရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
Background