Main menu

Background

ကုလားပဲဖြူလုံးကြီး တင်ပို့မှု ပြန်လျော့လာ

Sun, 06/12/2011 - 05:08 -- Anonymous (not verified)

ကုလားပဲဖြူလုံးကြီး တင်ပို့မှု ပြန်လျော့လာ                ယခင်သီတင်းပတ်များက ကုလားပဲဖြူလုံးကြီး အပတ်စဉ် တန် ၃ဝဝဝ ကျော် တင်ပို့မှု ရှိခဲ့ရာမှ ယခုသီတင်းပတ်မှာ (ဇွန်လ ၂ ရက်မှ ၈ ရက်)တော့ တန်ချိန် ၁၄ဝဝ ခန့်ကို လျော့ကျလာခဲ့ပါတယ်။ မေလ တစ်လလုံး တင်ပို့မှုအနေနဲ့ ကုလားပဲဖြူလုံးကြီး တန်ချိန် ၁၅ဝဝဝ ကျော်ရှိပြီး ယခင်နှစ်မေလမှာ တင်ပို့မှု မရှိသလောက် နည်းတာ တွေ့ရပါတယ်။                ယခုဘဏ္ဍာနှစ် ဇွန်လ ၃ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၂ သောင်းကျော်ရှိပြီး ယခင်နှစ် ကာလတူက တန်ချိန် ၅ဝဝ ခန့်သာ တင်ပို့မှုရှိခဲ့တဲ့ အတွက် ယခုနှစ်မှာ သိသိသာသာ တင်ပို့အားကောင်း လာခဲ့တာတွေ့ရပါတယ်။ ကုန်သည် လက်ကျန်လျော့လာပြီဖြစ်လို့ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု အားပျော့ဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။                MIRT- MAPT