လှောင်လက်များအဝယ်သွက်လာလို့ အိန္ဒိယကုလားပဲဈေးအနည်းငယ်တက် ဇွန်လ ၈ ရက်နေ့မှာ ပြည်တွင်းလှောင်လက်အဝယ်တက်လာတာကြောင့် ကုလားပဲလက်ငင်းဈေးရော ကြိုပွိုင့်ဈေးပါ မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သည်များနဲ့ ပဲခွဲစက်တွေက အဝယ်ထိုင်းနေတယ်လို့ သိရပါတယ်။ မုတ်သုန်မိုး အခြေအနေကောင်းမွန်ခြင်းကြောင့် မိုးပဲအထွက်ပိုမိုဖွယ်ရှိခြင်း ကတော့ ဈေးနှုန်းကို ဖိအားဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ကုလားပဲ ရိတ်သိမ်းပြီးဆုံးလို့ ဈေးကွက်တွေကို ဝင်ရောက်မှု ကျဆင်းလာခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေမယ်လို့လည်း ခန့်မန်းကြပါတယ်။ လတ္တာဈေးကွက်ကို ဇွန်လ ၈ ရက်နေ့က ကုလားပဲအိတ် ၂၅ဝဝ ဝင်ရောက်မှု ရှိခဲ့တယ်လို့သိရပါတယ်။ ပြည်ပက တင်သွင်းပဲတွေက အဆက်မပြတ်ဝင်ရောက်မယ် ဆိုရင် ကာလတိုအတွင်း လှောင်လက်တွေရဲ့ ဝယ်လိုအားကိုဖြည့်ဆည်းနိုင်မှာဖြစ်လို့ ကုလားပဲတစ်တန် ရူပီး ၂၃ဝဝဝ-၂၅၅ဝဝ (ကန်ဒေါ်လာ ၅၁၄-၅၇ဝ) ဝန်းကျင် အတွင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင် ှSource: commodityonline
Background