ထောပတ်ပဲနဲ့ မြေထောက်ပဲ FOB အဝယ်ပိုများ ယခုတစ်ပတ် ဇွန်လ ၄ ရက်မှ ၁ဝရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မြေထောက်ပဲတန် ၆၄ဝ နဲ့ ထောပတ်ပဲတန် ၇၈ဝ ကျော် အရောင်းအဝယ်စာချုပ်ပြီးကြောင်း သိရပါတယ်။ ယခင်သီတင်းပတ်က ထောပတ်ပဲ တန် ၁၇ဝ နဲ့ မြေထောက်ပဲတန် ၃ဝဝ သာ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုတစ်ပတ် ပိုမိုလာတာတွေ့ရပါတယ်။ ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်း မှာလည်း မြေထောက်ပဲ တန်ချိန် ၉၆ဝ နဲ့ ထောပတ်ပဲ တန်ချိန် ၈၃ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပြည်ပဝယ်လက် ပုံမှန်ရှိတဲ့ ပဲများအနေနဲ့ ယခုတစ်ပတ်မှာလည်း ရန်ကုန် FOB ဈေးပြောင်းလဲခြင်း မရှိဘဲ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ နဲ့ မြေထောက်ပဲ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
Background